လမ်းဘေးတွင် စွန့် ပစ်ခံရသည့် အဘွားတစ်ဦးမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေ တွေ့ ရှိ


မြောက်ဒဂုံ ဗိုလ်မှူးဘထူးလမ်းနှင့် ပညာရေးလမ်းထောင့်နား လမ်းဘေးတွင် အဘွားတစ်ဦးအား ညကလာရောက်စွန့်ပစ်သွားကြောင်း၊ ဇူလိုင်လ (၄)ရက်နေ့ မနက် ၆နာရီခန့်တွင် အနီးအနားမှသူများက အမှိုက်ကန်အနီးရှိ ကင်းတဲပေါ်သို့ တင်ပေးထားကြောင်းနှင့် ဆည်းဆာရိပ်သို့ လာရောက်ခေါ်ယူပေးရန် ဖုန်းဆက်အကူအညီတောင်းခံသဖြင့် ဆည်းဆာရိပ်မှ သွားရောက်ကြည့်ရှုခဲ့ရာ အဘွားကို ကင်းတဲပေါ်တွင် ပုဆစ်တုပ်မှောက်လျက် အနေအထားဖြင့် တွေ့ရှိခဲ့ပါသည်။


အဘွားဟုဆိုသော်လည်း ဆည်းဆာရိပ်မှ လက်ခံနိုင်သော အသက်အရွယ်မဟုတ်သေးသဖြင့် လောလောဆယ် သန့်ရှင်းရေးနှင့် အရေးပေါ်ပြုစုခြင်းတို့ကို ပြုလုပ်ပေးပြီး သက်ဆိုင်ရာသို့ အကြောင်းကြားကာ သင့်လျော်ရာရိပ်သာတစ်ခုခုသို့ ပို့ဆောင်ပေးရန် ဆုံးဖြတ်ခဲ့ပါသည်။ သို့ရာတွင် အဘွားအား သန့်ရှင်းရေးလုပ်ပေးရန် ပက်လက်လှန်လိုက်ရာ ချိုစောင်း၊ နားထင်၊ နဖူးနှင့် မျက်လုံးတို့တွင် အရိုက်ခံထားရသည်ဟုယူဆရသော ဖူးယောင်ညိုမဲနေသည့် ဒဏ်ရာများအား တွေ့ရှိရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီး ဆည်းဆာရိပ်သို့သယ်ဆောင်ကာ ကျန်းမာရေးစစ်ဆေးခဲ့ပါသည်။


ဆည်းဆာရိပ်တွင် ဆရာဝန်များက စမ်းသပ်စစ်ဆေးကြည့်ရာ ခေါင်းကိုပြင်းပြင်းထန်ထန်ထိခိုက်ထားကြောင်း၊ သူငယ်အိမ်လည်း မကောင်းကြောင်းနှင့် နှိုးလိုက်လျှင် ခဏသာနိုးပြီး ပြန်လည်အိပ်ပျော်သွားခြင်းမှာ မကောင်းသော အခြေအနေဖြစ်ကြောင်းတွေ့ရှိရသဖြင့် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ဋ္ဌာနသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ပါသည်။

ဆည်းဆာရိပ် ပရဟိတ
https://www.facebook.com/TwilightVillaMyanmar/


လမ်းဘေးတွင် စွန့် ပစ်ခံရသည့် အဘွားတစ်ဦးမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေ တွေ့ ရှိ  လမ်းဘေးတွင် စွန့် ပစ်ခံရသည့် အဘွားတစ်ဦးမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေ တွေ့ ရှိ Reviewed by THITHTOOLWIN on 18:25 Rating: 5
Powered by Blogger.