ညောင်လေးပင် ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ဂျို့ပင်ကျေးရွာ အုပ်စု သိမ်ဂံကျေးရွာအနောက်ဖျားကို ဇူလိုင် ၂ ရက် ည ၁၂ နာရီ က လေဆင်နှာမောင်းတိုက်ခတ်သွားကြောင်း သိရသည်။
ယင်းလေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လယ် ကွင်းပြင်မှ တဲနှစ်လုံးပြိုကျပြီး တဲသုံးလုံးမှာ အမိုးနှင့် ထရံတို့ ပျက်စီးခဲ့ သည်။ လေတိုက်ရာလမ်းကြောင်းရှိ သစ်ပင်များ အမြစ်လန်၍ ကိုင်းများကျိုးပဲ့ခဲ့သည်။
ရွာအနောက်ဖျားမှ လူနေအိမ် လေးလုံးမှာ သွပ်များပျက်စီးပြီး ထရံကာ၊ သက်ငယ်မိုး ဝါးအိမ်တစ်လုံးမှာ သစ်ပင်ပိ၍ပျက်စီးခဲ့သည်။ လူ၊ ကျွဲ၊ နွား သေဆုံးထိခိုက်မှုမရှိဘဲ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာန တာဝန်ရှိသူ များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသားများ က သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း၊ မိုးကာစများဖြင့် အမိုးမိုးခြင်း၊ ကာခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
လေဆင်နှာမောင်းတိုက်ခတ်၍ အိုးအိမ်ပျက်စီး
Reviewed by THITHTOOLWIN
on
15:36
Rating:
