သေနတ်နှင့်ကျည်ဆန်များ ကိုင်ဆောင်သူအား ဖမ်းမိ


ရေတာရှည် ဇူလိုင် ၁၉

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့တွင် ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက မြို့ဈေးနှင့် ဘူတာရုံသွားသည့် နေရာလမ်းဆုံ၌ ဆိုင်ကယ်စီးနင်းလာသူတစ်ဦး အား စစ်ဆေးခဲ့ရာမှ ပွိုင့်တူးတူး သေနတ်တစ်လက်နှင့်ကျည်ဆန်များ ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဆွာမြို့ဈေးနှင့် ဘူတာရုံသွားသည့်လမ်းဆုံတွင် ဆိုင်ကယ်တစ်စီး တွင် အထုပ်များချည်နှောင်ထားသည့် အမျိုးသားတစ်ဦးကို မသင်္ကာဖွယ်ရာ တွေ့ရှိ ရ၍စစ်ဆေးခဲ့ရာ ၄င်းသည် ကရင်ပြည်နယ် လိပ်သိုမြို့နယ်ခွဲ မြသာကုန်းကျေးရွာနေ စောအယ်ယွာ(၄၁နှစ်)ဖြစ်ပြီး အထုပ်များအား ရှာဖွေစစ်ဆေးခဲ့ရာ အရှည် ၃၅ လက်မခန့်ရှိ ပွိုင့်(၂၂) သေနတ်တစ်လက် (ကျည်အသင့်ထည့်ထား)၊ ယင်း ပွိုင့်(၂၂)ကျည် ၃၁တောင့်၊ သစ်ပင်လှဲရာတွင်အသုံးပြုသည့် လက်ကိုင်စက်လွှတစ်ခု၊ ငါးဖယ်ခုံး ဓားမြှောင်တစ်ချောင်း၊ ပါဝါအသေးဓာတ်ခဲ ၁၂လုံး၊ သစ်သားလေးဂွတစ်လက်၊ လောက်စာလုံးများ၊ လက်ကိုင်ဖုန်းနှစ်လုံး၊ ဆိုလာပြားငယ်တစ်ခုတို့ကို စစ်ဆေး တွေ့ရှိခဲ့ရ၍ ဆွာနယ်မြေရဲစခန်းမှအမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရ သည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သေနတ်နှင့်ကျည်ဆန်များ ကိုင်ဆောင်သူအား ဖမ်းမိ  သေနတ်နှင့်ကျည်ဆန်များ ကိုင်ဆောင်သူအား ဖမ်းမိ Reviewed by THITHTOOLWIN on 09:42 Rating: 5
Powered by Blogger.