တိုယိုတာ ဆီဒင်ကား အပြာရောင်မှာ မောင်းနှင်လာသော ယာဉ်မောင်းမှ အရှိန်ထိန်းနိုင်ခြင်းမရှိဘဲ နတ်စင်ခြံစည်းရိုးအား ၀င်ရောက် တိုက်မိခဲ့ခြင်းဖြစ်ပြီး လမ်းတစ်လျှောက်ရှိ လူများအား ဆက်တိုက် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်ထိန်း FM ရေဒီယိုမှ သတင်းထုတ်ပြန်ချက်အရ အနည်းဆုံးလူ(၅)ဦး ဒဏ်ရာရရှိခဲ့ပြီး (၇)ဦးအထိ ဖြစ်နိုင်ကြောင်း နတ်ကွန်းစင်မှာ ဟိန္ဒူဘာသာဝင်များ အရိုအသေပေးရာ နေရာဖြစ်ကြောင်း သိရသည်။
ဘန်ကောက်မြို့လယ်ရှိ နတ်စင်မှာ ယခင်နှစ်အတွင်း ဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း(၂၀)ခန့်သေဆုံးခဲ့ပြီး နိုင်ငံအနှံ့ စိုးရိမ်ထိတ်လန့်မှုများ ကြုံတွေ့ခဲ့ရကြောင်း ဘန်ကောက်ပို(စ့်)မှ ဖေါ်ပြချက်အရ သိရသည်။
သတင်း - ကိုဇက်
Tachileik News Agency
http://www.tachileik.net