ဘဂ္ဂဒက် ကားဗုံး လူ တစ်ရာကျော် သေဆုံး

IS ထိန်းချုပ်ရာ ဖလူဂျာ မြို့ကို သိမ်းပိုက် ခဲ့ပြီးနောက် ဘဂ္ဂဒက် မှာ အသေခံ ဗုံးခွဲမှုတွေ ကားဗုံး ဖောက်ခွဲ မှုတွေကို IS တွေက ပြုလုပ် နေ
အီရတ် နိုင်ငံ မြို့တော် ဘဂ္ဂဒက် မှာ ပြင်းထန်တဲ့ ကားဗုံးပေါက်ကွဲမှု ၂ ခု ဖြစ်ပွား ခဲ့တာကြောင့် လူ အနည်းဆုံး ၁၂၅ ဦး သေဆုံး ခဲ့ရပါတယ်။

နောက်ထပ် ရာနဲ့ချီတဲ့ လူတွေလည်း အပြင်းအထန် ဒဏ်ရာ တွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

ဘဂ္ဂဒက် မြို့လယ် က ကန်ရာဒါ ဒေသမှာ ပြင်းထန် တဲ့ ကားဗုံး ပေါက်ကွဲ တစ်ခု ဖြစ်ပွားခဲ့ပြီး သိပ်မကြာခင် အချိန်မှာပဲ ဘဂ္ဂဒက် မြို့တော် မြောက်ပိုင်း က နောက်ထပ် နေရာ တစ်ခုမှာလည်း ကားဗုံး ပေါက်ကွဲ ခဲ့တာဖြစ်ပါတယ်။

IS အဖွဲ့က တိုက်ခိုက်မှုတွေကို သူတို့ လုပ်တာ လို့ ပြောပါတယ်။ အီရတ် စစ်တပ်က IS ထိန်းချုပ်ရာ ဖလူဂျာ မြို့ကို သိမ်းပိုက် ခဲ့ပြီးနောက် ဘဂ္ဂဒက် မှာ အသေခံ ဗုံးခွဲမှုတွေ ကားဗုံး ဖောက်ခွဲ မှုတွေကို IS တွေက ပြုလုပ် နေပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဘဂ္ဂဒက် ကားဗုံး လူ တစ်ရာကျော် သေဆုံး  ဘဂ္ဂဒက် ကားဗုံး လူ တစ်ရာကျော် သေဆုံး Reviewed by THITHTOOLWIN on 02:58 Rating: 5
Powered by Blogger.