အာဇာနည်နေ့ကို တမူထူးခြား ကျင်းပကြ

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ပြုလုပ်တဲ့ အာဇာနည်နေ့ အခမ်းအနား (ဓာတ်ပုံ - စိန်ဝင်း) (Credit: Audience Submitted) 
၆၉ ​နှစ်မြောက် ​အာဇာနည်နေ့ ​အခမ်းအနားကို ​ဒီကနေ့မှာတော့ ​ခါတိုင်းနဲ့ ​မတူပဲ ​တမူထူးခြား ​ကျင်းပနေကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ​တကွ ​လုပ်ကြံခံရတဲ့ ​အာဏာနည်တွေ ​ကျဆုံးသွားတဲ့ ​မနက် ​၁၀ ​နာရီ ​၃၇ ​မိနစ်မှာတော့ ​ဥသြဆွဲတာတွေ၊ ​ကားတွေကလည်း ​ဟွန်းတီးပြီး ​ဖြေးဖြေးနှေးနှေး ​မောင်းနှင်ပြီး ​အာဇာနည်နေ့ကို ​အောက်မေ့ခဲ့ကြပါတယ်။

ဒါဟာ ​နှစ်ပေါင်းများစွာအတွင်း ​ပထမဆုံးအကြိမ် ​ဥသြဆွဲတာမျိုး ​ပြန်လည် ​ပြုလုပ်ကြတာ ​ဖြစ်ပါတယ်။

ဥသြဆွဲသံတွေ၊ ​ဟွန်းတီးသံတွေ ​ကြားတဲ့အခါမှာ ​ငိုချင်လာတယ် ​ဆိုပြီး ​လူမှုကွန်ယက်တွေမှာ ​အများအပြား ​မှတ်ချက် ​ပြုနေကြပါတယ်။

လူမှု ​ကွန်ယက်တွေမှာလည်း ​အာဇာနည်နေ့ ​အခမ်းအနားကို ​တိုက်ရိုက် ​ထုတ်လွှင့်ကြသလို ​မြန်မာ့အသံနဲ့ ​ရုပ်မြင်သံကြားကလည်း ​ရန်ကုန်မြို့ ​အာဇာနေည်နေ့ ​အခမ်းအနားကို ​တိုက်ရိုက် ​ထုတ်လွှင့်ခဲ့ပါတယ်။

အဲဒီအခမ်းအနားကို ​ဒေါ်အောင်ဆန်းစုကြည်က ​ကျဆုံးသွားတဲ့ ​အာဇာနည်တွေရဲ့ ​မိသားစုဝင် ​အနေနဲ့ ​တက်ရောက်ဂါရဝ ​ပြုသွားခဲ့ပါတယ်။

ဒါ့အပြင် ​နိုင်ငံတော် ​သမ္မတ ​ဦးထင်ကျော်နဲ့ ​စစ်ဦးစီးချုပ် ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်တို့လည်း ​တက်ရောက် ​ဂါရဝ ​ပြုခဲ့ကြပါတယ်။

မျက်နှာစုံညီ ​တက်ရောက်ကြသလို ​ဒေါ်အောင်ဆန်းစုကြည် ​နေအိမ်မှာ ​ပြုလုပ်တဲ့ ​ဆွမ်းကပ်ပွဲမှာလည်း ​မျက်နှာစုံညီ ​လာရောက်ကြတဲ့အတွက် ​ပီတိဖြစ်ရတယ် ​ဆိုပြီး ​မှတ်ချက်ပြုနေကြပါတယ်။

ဧရာဝတီ ​သတင်းဌာနကလည်း ​ဝန်ကြီးများရုံးမှာ ​ပြုလုပ်တဲ့ ​အာဇာနည်နေ့ ​အခမ်းအနားကို ​တိုက်ရိုက် ​ထုတ်လွှင့်ခဲ့တာကို ​တွေ့ရပါတယ်။

သမ္မတ ​ဦးထင်ကျော်ဦးဆောင်တဲ့ ​အစိုးရကလည်း ​အာဇာနည်နေ့ကို ​အောက်မေ့တဲ့အနေနဲ့ ​သံဃာတော်တွေကို ​ဆွမ်းကပ်ခဲ့ကြတယ်လို့လည်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
အာဇာနည်နေ့ကို တမူထူးခြား ကျင်းပကြ  အာဇာနည်နေ့ကို တမူထူးခြား ကျင်းပကြ Reviewed by THITHTOOLWIN on 17:14 Rating: 5
Powered by Blogger.