တရုတ်-မြန်မာ ဆက်ဆံရေးကို မျိုးဆက်သစ်တွေ ထိန်းဖို့ ဒေါ်စုမျှော်လင့်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (Credit: Reuters) 
မြန်မာနဲ့ ​တရုတ်နိုင်ငံတို့ရဲ ​ကောင်းမွန်တဲ့ ​ဆက်ဆံရေးကို ​မျိုးဆက်အလိုက် ​ထိန်းသိမ်းနိုင်ဖို့ ​မျှော်လင့်ကြောင်း ​နိုင်ငံခြားရေးဝန်ကြီး ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောပါတယ်။

လာအိုနိုင်ငံ ​Vientiane ​မြို့မှာ ​ကျင်းပတဲ့ ​အာဆီယံနိုင်ငံခြားရေး ​ဝန်ကြီးများ ​ညီလာခံကို ​တက်ရောက်နေတဲ့ ​ဒေါ်အောင်ဆန်းစုကြည်က ​မနေ့တုန်းက ​တရုတ်နိုင်ငံခြားရေး ​ဝန်ကြီး ​Wang ​Yi ​နဲ့ ​တွေ့ဆုံခဲ့ပါတယ်။

မြန်မာနဲ့ ​တရုတ်နိုင်ငံတို့ရဲ့ ​ဆက်ဆံရေးဟာ ​ပေါက်ဖော်အဆင့်ရှိခဲ့ပြီး ​နှစ်နိုင်ငံအကြား ​နားလည်မှုတွေ၊ ​လေးစားမှုတွေနဲ့ ​အပြင်အလှန် ​ထောက်ပံ့တာမျိုးတွေ ​အမြဲတမ်းရှိခဲ့တယ်လို့ ​အဲဒီတွေ့ဆုံမှုအတွင်း ​တရုတ်နိုင်ငံခြားရေး ​ဝန်ကြီးက ​ပြောသွားခဲ့ပါတယ်။

အဲဒီလို ​နှစ်နိုင်ငံ ​ပူးပေါင်းမှုတွေကို ​ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ​အဆင့်မြင့်တဲ့ ​အစိုးရခြင်း ​ဖလှယ်မှုတွေ၊ ​ပူးပေါင်းမှုတွေအပြင် ​နှစ်နိုင်ငံ ​ပြည်သူတွေအကြား ​အမြင်ဖလှယ်တာမျိုးတွေ ​လုပ်ဖို့အတွက် ​တရုတ်ဘက်က ​အသင့်ရှိတယ်လို့လည်း ​ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ​မြန်မာနိုင်ငံရဲ့ ​အမျိုးသား ​ရင်ကြားစေ့ရေးနဲ့ ​စီးပွားဖွံ့ဖြိုးရေးတွေမှာ ​ကူညီတဲ့ ​တရုတ်ကို ​ကျေးဇူးတင်ကြောင်း ​တရုတ်နဲ့ ​မြန်မာအကြား ​ဆက်ဆံရေး ​ကောင်းမွန်မှုကို ​မျိုးဆက်သစ်တွေ ​ဆက်လက် ​ထိန်းသိမ်းနိုင်ဖို့ ​မျှော်လင့်ကြောင်း ​ပြောဆိုခဲ့တယ်လို့ ​ရှင်ဟွာသတင်းမှာ ​ဖော်ပြထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
တရုတ်-မြန်မာ ဆက်ဆံရေးကို မျိုးဆက်သစ်တွေ ထိန်းဖို့ ဒေါ်စုမျှော်လင့်  တရုတ်-မြန်မာ ဆက်ဆံရေးကို မျိုးဆက်သစ်တွေ ထိန်းဖို့ ဒေါ်စုမျှော်လင့် Reviewed by THITHTOOLWIN on 18:19 Rating: 5
Powered by Blogger.