ပြည်မြို့ရှိ တရားမ၀င် အလုံပိတ်ဆိုင်ခန်းများအား စစ်ဆေး

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရဲတပ်ဖွဲ့မှ ပြည်မြို့ရှိ တရားမ၀င်အလုံပိတ်ဆိုင်ခန်းများအား စစ်ဆေးဆောင်ရွက်ခြင်း
ပြည်မြို့ပေါ်တွင် စားသောက်ဆိုင်၊ လဘ္ကက်ရည်ဆိုင်၊ အအေးဆိုင်များ အမည်ခံကာ တရားမ၀င်အလုံပိတ်အခန်းများထားရှိခြင်းကြောင့် လူငယ် လူရွယ်နှင့် ကျောင်းသား/သူ များ အကျင့်စာရိတ္တပျက်ပြားစေကြောင်း သတင်းများအရ ၂၅-၇-၂၀၁၆ ရက်နေ့ ၁၀၄၀ အချိန်မှ ၁၄၁၅ အချိန်ထိ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ကြည် ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်စိုး၊ ပြည်မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးမြင့်၊့ ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်မြို့စည်ပင်သာယာရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်မြို့ပေါ်ရှိ အောက်ပါ ဆိုင်ပေါင်း (၁၁)ဆိုင်အား စစ်ဆေးခဲ့ပြီး ၄င်းဆိုင်များရှိ တဲများနှင့် အခန်းများအား ဖျက်သိမ်းခြင်း၊ ပြင်ဆင်ဆောက်လုပ်ခြင်း၊ အကာအရံများ ဖယ်ရှားခြင်း၊ လိုင်စင်လျှောက်ထားခြင်းများအား သတ်မှတ်ရက် အတွင်းအပြီး ဆောင်ရွက်ရန်နှင့် လိုက်နာခြင်းမရှိပါက တိုင်းဒေသကြီးစည်ပင်သာရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့အား ဆိုင်ရှင်များအား အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည် -
(၁) Lovingly Heart Cool & Coffee ဆိုင်၊ အခန်း (၄၁)ခန်း ။
(၂) Sweet Heart Cool & Coffee ဆိုင်၊ အခန်း (၁၄)ခန်း။
(၃) မေသော်တာ ကဖီးနှင့်အအေးဆိုင်၊ တဲ (၁၈)လုံး ။
(၄) စိုးမိုးအောင် ကဖီး၊ တဲ (၁၀)လုံး။
(၅) ကြူစင်မွေ့ ကဖီးနှင့် အအေးဆိုင်၊ တဲ (၁၅)လုံး။
(၆) OASIS ကဖီးနှင့် အအေးဆိုင်၊ တဲ (၂၁)လုံး။
(၇) ဧဒင်ဦး ကဖီးနှင့် အအေးဆိုင်၊ တဲ (၁၅)လုံး။
(၈) ရွှေနဂါး ကဖီးနှင့် အအေးဆိုင်၊ တဲ (၁၈)လုံး။
(၉) ဧဒင်ခြံ ကျေးဇူးတော် Restaurant ကြက်သောက်စမ်းနှင့် တရုတ်အစားအစာမျိုးစုံဆိုင်၊ အခန်း (၂၂)ခန်း။
(၁၀) စည်ပင်သာယာပန်းခြံဆိုင်ခန်းများ၊ ဆိုင်ခန်း (၂၈)ခန်း။
(၁၁) စိန်ပန်းစားဖွယ်ဥယျာဉ်ဆိုင်၊ တဲ (၈)လုံး။

Bago Regional Police Force
ပြည်မြို့ရှိ တရားမ၀င် အလုံပိတ်ဆိုင်ခန်းများအား စစ်ဆေး   ပြည်မြို့ရှိ တရားမ၀င် အလုံပိတ်ဆိုင်ခန်းများအား စစ်ဆေး Reviewed by THITHTOOLWIN on 22:55 Rating: 5
Powered by Blogger.