13July2016
ထိုင်းမြန်မာ နယ်စပ် ထိုင်းနိုင်ငံပိုင်နက် ရနောင်းခရိုင် အတွင်း စိုဆမ်ရမ် မြို့ နယ်က ခြံတခြံမှာ မည်သည့်ဘာသာဝင်တွေမှန်း မသိရတဲ့ လူ(၇၀)ခန့်  စုရုံးနေကြတာကို ရဲ နယ်စပ်တပ်ရင်း ၄၁၅ နဲ့ လူဝင်မှု ကြီးကြပ်ရေး အဖွဲ့ တွေက သွားရောက် စောင့်ကြည့် စစ်ဆေးနေကြကြောင်း သိရပါတယ်။
တိဘက်ဘုန်ကြီးပုံစံ ဘွဲ့ ယူရင် ၀တ်ရတဲ့ ၀တ်စုံလို ဇော်ဂျီလိုလို အနီရောင် နီညို ရောင် အ၀တ်အစားတွေနဲ့  စုရုံးနေကြတာဖြစ်ပါတယ်။ ဦးဆောင်တဲ့သူအမျိုးသား မှာ Mr. Anan Nat မစ္စတာ အနမ်နက် (နိုင်ငံသားမဖေါ်ပြ )ဖြစ်ပါ တယ်။
သူတို့ ဟာ အထက် ဆရာကြီး ဂိုဏ်းဝင်တွေဖြစ်တယ်လို့  ပြောခဲ့ပြီး ဘယ်ဘာသာဝင်ဆိုတာကို အတိအကြ မဖြေကြဘူးလို့  စစ်ဆေးရေး အရာရှိတွေကပြော ပါတယ်။
သွားရောက်စစ်ဆေးတဲ့ အဖွဲ့ ခေါင်းဆောင်က ရနောင်းမြို့ ဟာ နယ်စပ်ဒေသဖြစ်ပြီး စစ်အုပ်ချုပ်ရေး ဥပဒေ တည်ဆဲဖြစ်တာကြောင့် ခုလို ကြိုတင် အကြောင်းမကြားဘဲ ရက်ရှည် လာရောက်စုရုံး နေတာကို ထိုင်းလူမျိုးတွေ အထိတ်တလန့် ဖြစ်နေတယ်လို့ လည်း ပြောခဲ့ပါတယ်။
အဆိုပါ လူအုပ်စုဟာ မည်သည့် နိုင်ငံသားတွေ ဆိုတာ ထုတ်ပြန်ဖေါ်ပြတာ မျိုးလည်း မတွေ့ ရသေးကြောင်းထိုင်းလူမှုကွန်ရက်စာမျက်နှာ တွေမှာ ဖေါ်ပြထားပါတယ်။
Ampaipan
Social Action for Women - SAW
ထိုင်းမြန်မာနယ်စပ်က အထက်ဂိုဏ်း ဆရာကြီးများ ညီလာခံ ခွင့်ပြု့ မိန့် မယူလို့  ရဲဝင်ဖမ်း
Reviewed by THITHTOOLWIN
on
22:56
Rating:
