3.7.2016 ရက်နေ့ ည 8:30 အချိန်ခန့် မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် ဖက်ခင်းလမ်း ရွှေအိမ်စံစားသောက်ဆိုင် အနီး လမ်းလျှောက်လာသူ လူတစ်ဦးအား ကားတစ်စီးမှ နောက်မှ ဝင်တိုက်ပြီး မောင်းပြေးသွားပါတယ်။
သတင်းရရခြင်း မော်လမြိုင် Rescue အဖွဲ့မှ သွားရောက်ပြီး အရေးပေါ် ပြုစုကယ်တင် ကြသော်လည်း ကားတိုက်ခံရသူမှာ အခြေအနေ မကောင်းကြောင်း သိရသဖြင့် ဆေးရုံကြီးသို့ ပို့ဆောင်ရာ စစ်ချက်အရ သေဆုံးပြီး ဖြစ်တဲ့အတွက် မော်လမြိုင် ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရပါတယ်။
သေဆုံးသူမှာ ပဲခူးတိုင်း ဝေါမြို့နယ်မှ မော်လမြိုင်တွင် ပန်းရံအလုပ် လာရောက် လုပ်ကိုင်နေသူ ဟိန်းလင်းထက် ဆိုသူဖြစ်ကြောင်း သိရပါတယ်။
ဖြစ်စဉ်နှင့် ပတ်သတ်၍ မော်လမြိုင် ယာဉ်ထိန်းတပ်စုမှ မောင်းပြေးသွားသော အဖြူရောင်ယာဉ်အား ဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက်နေကြောင်း သိရှိရပါသည်။
ဟန်ကို ဟန်ကို
အချိန်မှီသွားရောက် ကယ်ဆယ်သော်လည်း အသက်မမှီတော့
Reviewed by THITHTOOLWIN
on
05:08
Rating:
