မအူကန်ရွာဦးကျောင်း မီးလောင်ကျွမ်း


မအူကန်ကျေးရွာရှိ ပါဠိတောရ မအူကန်ရွာဦးကျောင်း မီးအားမြှင့်စက်မှ ဝါယာရှော့ဖြစ်မီးလောင်ကျွမ်း

သဲကုန်းမြို့နယ် ဇူလိုင်(၂၁)ရက်နေ့

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊သဲကုန်းမြို့နယ်၊ အင်းမနယ်မြေရဲစခန်းအပိုင် သီရိကန်သာရပ်ကွက်၊ မအူကန်ကျေးရွာရှိ ပါဠိတောရ မအူကန်ရွာဦးကျောင်းတွင် ဇူလိုင်(၂၁)ရက်နေ့ နံနက် (၁၀) နာရီ (၃၀)အချိန်ခန့်၌ မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မအူကန်ကျေးရွာရှိ ပါဠိတောရ မအူကန်ရွာဦးကျောင်း(အလျား၂၀ပေ xအနံ ၅ ပေ)ကွန်ကရစ်(၁)ထပ်၊သွပ်မိုးကျောင်းဆောင် ဘုရားခန်းအတွင်းရှိ မီးအားမြှင့်စက်မှ ဝါယာရှော့ဖြစ်ပြီး ၄င်းအောက်ရှိ သစ်သားခုံအား အပူလွန်ကဲလောင်ကျွမ်းပြီး ၄င်းမှတဆင့် အပေါ်(၂)တောင်အကွာခန့်ရှိ မိန်းပလပ်ခုံအား အပူလွန်ကဲ၍ မီးကူးစက်လောင်ကျွမ်း ခဲ့ဟုသိရသည်။


အဆိုပါ ပါဠိတောရ မအူကန် ရွာဦးကျောင်းတွင် ကျောင်းထိုင်ဆရာတော် ဥူံးဥာဏောဘာသ သက်တော်(၈၀)နှစ်သည် ကျန်းမာရေးမကောင်းသဖြင့် ကျောင်းနှင့်ကိုက်(၁၀၀) ခန့်အကွာရှိ သိမ်ကျောင်းတွင် ပြောင်းရွေ့သီတင်းသုံးလျှက်ရှိပြီး အဆိုပါကျောင်းတွင် ခန်းနေဆရာတော် ဦးခေမိန္ဒ သက်တော်(၃၁)နှစ်သီတင်းသုံး နေထိုင်ရာမှ နံနက်(၆)နာရီအချိန်ခန့် ပြည်မြို့သို့ ဆေးကုသမှုခံယူရန် သွားရောက်ခဲ့ပြီး ကျောင်းစောင့်အဖြစ် ကိုပေါက်(၄၅)နှစ်(ဘ)ဦးကျော်သိန်းမအူကန်ရွာ သီရိကန်သာရပ်၊အင်းမမြို့၊သဲကုန်းမြို့နယ်နေသူအား ထားရှိခဲ့ချိန် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။


၎င်းမီးလောင်မှုကြောင့် လူနှင့်သံဃာတော်များ ထိခိုက်မှုမရှိသော်လည်းကျောင်းဆောင်အတွင်းရှိ သစ်သားပလ္လင်(၂)လုံး၊ဗီဒို(၅)လုံး၊တီဗီ ၂၄ လက်မ(၁)လုံး၊ မက်တပ်ပန်ကာ(၃)လုံး၊ဘုရားကျောင်းဆောင်ခန်း(၁)ခန်း၊ဝတ္တူငွေ(၈)သိန်း၊ ကွန်ပျုတာ(၁)လုံး၊ သင်္ကန်းမျိုးစုံ(၂၂)စုံ မီးလောင်ပျက်စီးခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးမှ (၁၇၅၀၀၀၀ိ/) ကျပ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ပြည်ခရိုင်မီးသတ်ဦးစီးမှူး ဦးအေးကျော်နှင့် တပ်ဖွဲ့ဝင်များ၊သဲကုန်း မီးသတ်ဦးစီးမှူးဦးဝေယံမြင့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အင်းမအရန်မီးသတ်တပ်ဖွဲ့ဝင်များ ရွှေတောင်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုတီးကုန်းအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊သဲကုန်းမြို့နယ်မှူးနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၊ ခလရ(၈၀)မှ ဗိုလ်မှူးထိန်လင်းနှင်ပတပ်မတော်သားများ၊ပြည်သူများ စုပေါင်း၍ မီးသတ်ယာဉ်(၈)စီးဖြင့်ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်) 09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
https://www.facebook.com/pyaynews
မအူကန်ရွာဦးကျောင်း မီးလောင်ကျွမ်း  မအူကန်ရွာဦးကျောင်း မီးလောင်ကျွမ်း Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.