အောင်လံမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှု့ကြောင့် လူနှင့် နွားများပြောင်းရွှေ့နေထိုင်မှုရှိ


အောင်လံ၊ ဇူလိုင် ၃၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်တွင် ဧရာဝတီမြစ်ရေသည် ဇူလိုင်လ(၃၀)ရက် နေ့လည် (၁၂း၀၀)နာရီအချိန်တိုင်းထွာချက်အရ ၊ စိုးရိမ်ရေမှတ်(၂၅၅၀)စင်တီမီတာတွင်(၂၄၇၅) စင်တီမီ တာသို့ ရောက်ရှိခဲ့သဖြင့် မြေနိမ့်ပိုင်းတွင်နေထိုင်သူများမှာ ပြောင်းရွှေ့နေထိုင်မှုများ အနည်းငယ်ရှိခဲ့သည် ။


မြို့ပေါ်ရပ်ကွက်အနေဖြင့် သရက်တော်ရပ်ကွက်တွင် ယနေ့ အိမ်ထောင်စု (၁၁)စုမှ လူဦးရေ (၄၈)ဦးသည် ၊ အနီးနားတွင် ယာယီတဲများထိုး၍ လည်းကောင်း၊ နီးစပ်ရာ ဆွေမျိုးသားချင်းများ အိမ်တွင်လည်းကောင်း နေထိုင်လျှက်ရှိကြပြီး၊ သရက်မြို့နယ်၊ သရက်နှင့် အောင်လံမြို့ကြားရှိ ရေလည်ကျွန်းကျေးရွာမှ ပြည်သူ များသည် သရက်မြို့နယ်၏ စီစဉ်မှုဖြင့် လူများ နွားများကို ဇက်ရေယာဉ်ဖြင့် နီးစပ်ရာ ဆွေမျိုးသားချင်းများ ရှိသည့် သရက်/အောင်လံမြို့တို့သို့ ပို့ဆောင်ပေးခဲ့ရာ အောင်လံမြို့သို့ အိမ်ထောင်စု(၆)စု နွား(၄၄)ကောင် လှည်း(၅)စီးတို့ရောက်ရှိခဲ့ပြီး ၊ ပိတောက်ကုန်း ၊ အင်းပေါက် ၊ ရုံးဆိပ်ကျေးရွာများရှိ အိမ်များ၊ ဘုန်းကြီး ကျောင်းများတွင် နေထိုင်လျှက်ရှိကြသည် ။

ယမန်နေ့ကလည်း ပိတောက်ကုန်း ကျေးရွာ တွင် အိမ်ထောင်စု(၅)စု နွား(၄၂) ကောင်၊ တန်ဘိုးကျေးရွာ ဘုန်းတော်ကြီးကျောင်း တွင်အိမ်ထောင်စု(၃)စု ၊နွား(၁၃)ကောင် ၊ အင်းကုန်းကျေးရွာတွင် အိမ်ထောင် စု(၁)စု နွား(၄၂)ကောင် ၊အင်းပေါက်ကျေးရွာ တွင်အိမ်ထောင်စု(၁)စု ၊ ရုံးဆိပ် ကျေးရွာတွင်အိမ်ထောင်စု (၁၁)စုတို့ပြောင်းရွှေ့ နေထိုင်လျှက်ရှိကြကြောင်း သတင်းရရှိသည် ။

သိန်းလွင်(ပြန်ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အောင်လံမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှု့ကြောင့် လူနှင့် နွားများပြောင်းရွှေ့နေထိုင်မှုရှိ  အောင်လံမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှု့ကြောင့် လူနှင့် နွားများပြောင်းရွှေ့နေထိုင်မှုရှိ Reviewed by THITHTOOLWIN on 18:48 Rating: 5
Powered by Blogger.