![]() |
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ န၀ရတ်ရိပ်သာဘေးနံရံတွင် ဗိုလ်ချုပ်ပုံအပါအဝင် အာဇာနည် ၉ ဦးပုံအား ဂရပ်ဖတီ ရေးဆွဲ |
အဆိုပါ ဂရပ်ဖစ်တီရေးဆွဲခြင်းကို ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီတွင် စတင်ကာ ကိုသန့်ဇင်နှင့် ကိုစည်သူအောင်၊ ကိုဇွဲကိုနိုင်တို့မှ ရေးဆွဲခဲ့ခြင်းဖြစ်သည်။
“အခုမှပြန်ပြီးထုတ်ဖော်ခွင့်ရတာပါ။ လွတ်လွတ်လပ်လပ် ထုတ်ဖော်ရတာ အားလုံးမေ့လို့မရတဲ့ အတိတ်ကို ပြန်ပြီးတော့ အမှတ်ရစေဖို့ပါ။”ဟု ကိုသန့်ဇင်က ပြောသည်။
အာဇာနည် ၉ ဦးပုံနှင့် နာမည်များကို ကိုသန့်ဇင်က ရေးဆွဲပြီး ဗိုလ်ချုပ်ပုံ၊ ဗိုလ်ချုပ်စာတန်းနှင့် အတူ July 19 ၊ အာဇာနည်ကုန်းပုံအား ကိုစည်သူအောင်နှင့် ကိုဇွဲကိုနိုင်တို့မှ အာဇာနည်နေ့အမှတ်ရစေရန် ရေးဆွဲခဲ့ကြသည်။“ပြီးခဲ့တဲ့နှစ်ကတော့ အာဇာနည် ကိုးဦးပုံကို အဖြူအမဲနဲ့ဆွဲခဲ့တာပါ ဒီနှစ်တော့ ဗိုလ်ချုပ်ပုံကို ကာလာလေးနဲ့ ဆွဲဖြစ်တာပါ အာဇာနည်နေ့ကို ပြန်လည် အမှတ်ရစေခြင်တာပါ။” ဟု ကိုစည်သူအောင်က ပြောသည်။
မန္တလေးမြို့တွင် ဂရပ်ဖစ်တီရေးဆွဲသူ ၁၀ ဦးကျော်ရှိပြီး မြန်မာနိုင်ငံ၏ အထိမ်အမှတ်နေ့များ သတိရဖွယ်များကို ရေးဆွဲကြပြီး နေ့ထူးနေ့မြတ်နှင့် အထိမ်းအမှတ်နေ့များတွင်လည်း ဆက်လက်ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ဗိုလ်ချုပ်ပုံအပါအဝင် အာဇာနည် ၉ ဦးပုံအား ဂရပ်ဖတီ ရေးဆွဲ
Reviewed by THITHTOOLWIN
on
21:05
Rating:
