အများပြည်သူသိရှိရန် အသိပေးနှိုးဆော်ချက်
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး ဘေးဥပဒ်အ္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသောဆေးဝါးများကို အများပြည်သူတို့သုံးစွဲ နိုင်ရန် စနစ်တကျ ကွပ်ကဲကြပ်မတ် လျက်ရှိသည်။
ဈေးကွက်ရှိ ဆေးဝါးများကို ပုံမှန် စစ်ဆေးဆောင်ရွက်ခဲ့ရာ ဆေးဘူးပေါ် တွင်ဖော်ပြချက်အရ Chengdu Emei Pharmaceutica Co., Ltd. Sichuan, China ထုတ် မြန်မာနိုင်ငံ တွင် ဆေးဝါးမှတ်ပုံတင်မရှိသောGriseofulvin Tablets 125mg ဆေးဝါးသည် ဆေးဝါးအတု(အတု) ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
ဆေးဝါးအတု၊ စံမညီဆေးဝါးများ ကို မှီဝဲသောရောဂါဝေဒနာရှင်များသည် စရိတ်များစွာ ကုန်ကျသည့်အပြင် မိမိတို့ခံစားနေရသော ရောဂါများ ပျောက်ကင်းခြင်း(လုံးဝ) မရှိဘဲ ပိုမို ဆိုးရွားသောအခြေအနေ ခံစားရမည် ဖြစ်သည်။
သို့ဖြစ်၍ ဆေးဝါးတင်သွင်း ဖြန့်ဖြူးသည့်ကုမ္ပဏီ၊ ဆေးဝါးရောင်းချ သည့်ဆေးဆိုင်များသည် မြန်မာနိုင်ငံ တွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီ ဆေးဝါးများ တင်သွင်းဖြန့်ဖြူးရောင်းချ ခြင်းလုံးဝ(လုံးဝ)မပြုရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အမျိုးသား ဆေးဝါးဥပဒေပုဒ်မ(၁၈)အရ တရား စွဲဆိုအရေးယူမည်ဖြစ်ကြောင်း အသိ ပေးအပ်ပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆေးဝါးအတုများ ထုတ်ပြန်ကြေညာ
Reviewed by THITHTOOLWIN
on
10:52
Rating:
