ခွေးတစ်ကောင်အား တိုက်မိပြုစဉ် ဆိုင်ကယ်မှောက်၍ အမျိုးသားတစ်ဦးသေဆုံး


မန္တလေးတိုင်း တောင်သာ - ကျောက်ပန်းတောင်း သွားလမ်းမပေါ်တွင် ဇူလိုင်၂၃ရက် နံနက် ၉း၃၀အချိန်က တောင်သာမြို့နယ်၊ ရွာသစ်ကျေးရွာနေ ဦးတင်အောင်(၇၇)နှစ် လ/ထ တိုင်းပညာမှူး(ငြိမ်း)သည် နောက်မှ ကိုသန်းကို လိုက်ပါလျက် KANBO 125 အဖြူရောင်ဆိုင်ကယ်အား မြောက်မှတောင်သို့ မောင်းနှင်လာရာ မိုင်တိုင်အမှတ် ၄၃၆/၃ နှင့်၄၃၆/၄ အကြား ကိုင်းကျေးရွာ ဆိုင်းဘုတ်အနီး၌ ခွေးတစ်ကောင်ဖြတ်ပြေးစဉ် ဘရိတ်နင်းလျက် အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ပြီး မောင်းနှင်သူမှာ ဦးထုပ်ပါသော်လည်း နဖူး ဝဲဘက် ပိန်ချိုင့်ပေါက်ပြဲ။ ပါးစပ်ပွန်းပဲ့ သွေးထွက်။ နားနှစ်ဖက်သွေးထွက်။ ဝဲဒူးပွန်းပဲ့ဒဏ်ရာများရရှိ၍ ဆေးရုံ၌တင်ပို့ကုသစဉ် သေဆုံးခဲ့ပြီး နောက်ပါသူမှာ လမ်းဘေးသို့ လွင့်စင်လျက် သာမာန်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။


အဆိုပါအနီးဝန်းကျင်တွင် ယခင်ကလည်း ခွေးဖြင့်ဆိုင်ကယ် တိုက်မှုများ ဖြစ်ပွားခဲ့ပြီး သာမာန်တစ်ကြိမ် ပြင်းထန်တစ်ကြိမ် သေဆုံးတစ်ကြိမ် ဖြစ်ခဲ့သည်။

လမ်းများ ကောင်းမွန်လာသည်နှင့် အမျှ ရေခဲချောင်း။  ကုန်စိမ်း။ ကယ်ရီ စသည့် ဆိုင်ကယ်သမားများသည်လက်လွှတ်စီးခြင်း။ အရှိန်ဖြင့်အပြိုင်မောင်းနှင်ခြင်း။ ဆိုင်ကယ်ကြံ့ခိုင်မှု မစစ်ဆေးခြင်း။ လမ်းဘေးဝဲယာ သတိမမူခြင်း။ ယာဉ်ကြောလမ်းဆိုင်ရာနားမလည်ခြင်း။ ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်း များကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။

Htun Lin Media - Taungtha
ခွေးတစ်ကောင်အား တိုက်မိပြုစဉ် ဆိုင်ကယ်မှောက်၍ အမျိုးသားတစ်ဦးသေဆုံး ခွေးတစ်ကောင်အား တိုက်မိပြုစဉ် ဆိုင်ကယ်မှောက်၍ အမျိုးသားတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 14:01 Rating: 5
Powered by Blogger.