စကားများရန်ဖြစ်ရာမှ ဓါးဖြင့်ထိုးသူအား ဖမ်းဆီးအရေးယူ


ရန်ကုန်၊ ဇူလိုင် ၂၀

၂၀.၇.၂၀၁၆ ရက်နေ့ ၁၅၃၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ လေးထောင့်ကန်လမ်းရှိ အလှပြင်ဆိုင်တွင် ဓါးထိုးမှုဖြစ်ပွားခဲ့သဖြင့် သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ အလှပြင်ဆိုင်အတွင်း၌ ပိုင်ရှင်ဖြစ်သူ ကိုစောမင်းမှာ ၀မ်းဗိုက်ချက်အောက် ထိုးသွင်းဒဏ်ရာ ၁ ချက်ရရှိကာ လဲကျနေသည်ကိုတွေ့ရှိရပြီး သင်္ဃန်းကျွန်းစံပြဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရပါသည်။

ဖြစ်စဉ်မှာ အလှပြင်ဆိုင်ပိုင်ရှင်ဖြစ်သူသည် ဆိုင်အတွင်းရှိနေစဉ် လွန်ခဲ့သော ၁ လခန့်က လူမှုကွန်ရက်အင်တာနက်တွင် ခင်မင်ရင်းနှီးခဲ့သူ ရွှေပြည်သာမြို့နယ်နေ နေလင်းကိုကိုရောက်ရှိလာပြီး ဆိုင်အတွင်း စကားများ ရန်ဖြစ်ကြကာ နေလင်းကိုကိုမှ ဓါးဖြင့်ထိုးခဲ့၍ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

အမှုမှပြစ်မှုကျူးလွန်သူ နေလင်းကိုကိုအား ပတ်ဝန်းကျင်ရှိ ပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များမှ အခင်းဖြစ်နေရာတွင်ဖမ်းဆီးရမိခဲ့ပြီး ၎င်းကို သင်္ဃန်းကျွန်း မြို့မရဲစခန်း(ပ)၇၂၂/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
စကားများရန်ဖြစ်ရာမှ ဓါးဖြင့်ထိုးသူအား ဖမ်းဆီးအရေးယူ  စကားများရန်ဖြစ်ရာမှ ဓါးဖြင့်ထိုးသူအား ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 21:31 Rating: 5
Powered by Blogger.