ပန်းဆိုးတန်း ဂုံးကျော်တံတားပေါ်မှ လူတစ်ဦး ပြုတ်ကျသေဆုံး
တာဝန်ရှိသူများ၏ ပြောကြားချက်အရ ဖြစ်စဉ်မှာ သေဆုံးသူသည် အရက်သောက်သုံးထားပြီး ဂုံးကျော်တံတားဘောင်သို့ ကျောမီထားစဉ် နောက်သို့လန်ကျ၍ ပြုတ်ကျခြင်း ဖြစ်သည်ဟု ဆိုသည်။
သေဆုံးသူအား တွေ့ရှိစဉ်တွင် ဖိနပ်တစ်ဘက် စီးလျက်ရှိပြီး ကျန်တစ်ဘက်မှာ မလှမ်းမကမ်းတွင်ရှိသည်၊ မှောက်လျက် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။
အခင်းဖြစ်ပွားပုံနှင့်ဆက်စပ်သော သတင်းဓာတ်ပုံများကို လေ့လာကြည့်ရှုနိုင်ရန်တင်ပြထားပါသည်။
သတင်းနှင့်ဓာတ်ပုံ- Moe Hein (mhstudio)
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Advertisement
သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ
အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်
ကျန်းမာရေးနှင့် ဖျော်ဖြေရေး
တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ
သတင်းစာနှင့် ဂျာနယ်များ