ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ကြေညာချက် ထုတ်ပြန်

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးကို တွေ့ရစဉ် ။ Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ "ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာကိုးကွယ်သူ ဒေသခံတိုင်းရင်းသားများ" ဆိုတဲ့အသုံးအနှုန်းကို သုံးစွဲမှာမဟုတ်တော့ဘဲ "ရခိုင်လူမျိုး" လို့သာ သုံးစွဲမှာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်သူတွေရဲ့ လိုလားချက်အတိုင်းသာ သုံးစွဲမှာဖြစ်တဲ့အကြောင်း နဲ့ "ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာကိုးကွယ်သူများ"ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကြေ ညာချက်မှာ မပါရှိပေမယ့် ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ဖြစ်သွားမှာဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ကော်မတီဥက္ကဌ ဦးမင်းအောင် က ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘောထားထုတ်ပြန်ချက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က ပြန်ကြားရေး ဝန်ကြီးဌာနက " ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာ ကိုးကွယ်သူများ"၊ " ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာကိုးကွယ်သူများ" လို့ သုံးနှုန်းဖို့ ညွှန်ကြားခဲ့တဲ့အပေါ်မှာ ပြန်လည်ထုတ်ပြန် တာဖြစ်ပါတယ်။

အစိုးရရဲ့ အဲဒီအသုံးအနှုန်းသစ်တွေကို ကန့်ကွက်ကြောင်း ANP ပါတီနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း တွေက သဘောထားကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ ကြသလို မနေ့ကလည်း ရခိုင်ပြည်နယ် မြို့နယ် ၁၅ ခုမှာ သံဃာတော်တွေနဲ့ ဒေသခံတွေ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ကြေညာချက် ထုတ်ပြန်  ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ကြေညာချက် ထုတ်ပြန် Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.