ဝေဟင်တိုက်ခိုက်မှုကြောင့် ဆီးရီးယား ပြည်သူ သေဆုံးရ

Aleppo မြို့က ဝေဟင်တိုက်ခိုက်မှု (Credit: AFP) 
အမေရိကန် ​ဦးဆောင်တဲ့ ​ညွှန့်ပေါင်းအဖွဲ့ ​ဝေဟင်တိုက်ခိုက်မှုကြောင့် ​ဆီးရီးယား ​နိုင်ငံမှာ ​အနည်းဆုံး ​လူ ​၅၆ ​ယောက် ​သေဆုံးရပြီလို့ ​Syrian ​Observatory ​for ​Human ​Rights ​အဖွဲ့က ​ပြောပါတယ်။

IS ​အစ္စလာမ်မစ် ​အဖွဲ့တွေ ​သိမ်းပိုက်ထားတဲ့ ​Aleppo ​ဒေသက ​ရွာတစ်ရွာကနေ ​ထွက်ပြေးလာကြတဲ့ ​ရွာသားတွေကို ​အမေရိကန်ဦးဆောင်တဲ့ ​ညွှန့်ပေါင်းတပ်ဖွဲ့က ​IS ​အစွန်းရောက်သူတွေလို့ ​ယူဆပြီး ​မှားယွင်းစွာ ​ပစ်ခတ်မိတာ ​ဖြစ်မယ်လို့ ​လူ့အခွင့်အရေး ​စောင့်ကြည့်တဲ့အဖွဲ့က ​ပြောပါတယ်။

အဲဒီလို ​တိုက်ခိုက်မှုကြောင့် ​အနည်းဆုံး ​လူ ​၅၆ ​ယောက်သေဆုံးပြီး ​ကလေး ​၁၁ ​ယောက် ​ပါဝင်တယ်လို့ ​ဆိုပါတယ်။

အမေရိကန် ​စစ်တပ်အရာရှိကလည်း ​အဲဒီဒေသမှာ ​လှုပ်ရှားခဲ့တယ်ဆိုတာကို ​အတည်ပြုပေးလိုက်ပြီး ​အဲလို ​လုပ်ရပ်ကြောင့် ​ပြည်သူတွေ ​ထိခိုက်သေဆုံးမှုတွေ ​ရှိမရှိ ​စုံစမ်းနေတယ်လို့ ​ဆိုပါတယ်။

နောက် ​Aleppo ​ဒေသက ​တခြား ​နေရာတစ်ခုမှာလည်း ​ရုရှား ​စစ်လေယာဉ်ပေါ်ကနေ ​ဗုံးကျဲမှုကြောင့် ​ပြည်သူ ​၂၁ ​ဦး ​သေဆုံးခဲ့ရတယ် ​ဆိုတဲ့ ​ပြောဆိုမှုတွေလည်း ​ထွက်ပေါ်နေပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဝေဟင်တိုက်ခိုက်မှုကြောင့် ဆီးရီးယား ပြည်သူ သေဆုံးရ  ဝေဟင်တိုက်ခိုက်မှုကြောင့် ဆီးရီးယား ပြည်သူ သေဆုံးရ Reviewed by THITHTOOLWIN on 16:02 Rating: 5
Powered by Blogger.