သားသမီးများကို ဥစ္စာအမွေထက် ပညာအမွေသာပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


မိဘများအနေဖြင့် မိမိ၏ သားသမီးများ၏ အနာဂတ်တွင် တွေ့ကြုံလာမယ့် စိန်ခေါ်မှုများအား ရင်ဆိုင်နိုင်ရန်အတွက် ပစ္စည်းဥစ္စာအမွေပေးခြင်းထက် ပညာအမွေသာ ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

ဇူလိုင်လ ၂၉ ရက်က နေပြည်တော်တွင် ‘၀’ နှင့် မိုင်းလားအထူးဒေသမှ လူငယ် ၁၀၀ ဦးနှင့် တွေ့ဆုံခဲ့စဉ် လူငယ်များဘက်မှ အချို့သော မိဘများမှာ ပညာ၏ တန်ဖိုးအပေါ် နားလည်မှု အားနည်းခြင်းကြောင့် ယင်းမိဘများပေါ် ပညာရေးတန်ဖိုးအား နားလည်စေရန်အတွက် တိုက်တွန်းစကား ပြောဆိုခိုင်းခဲ့ရာ၌ ယခုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က "သားသမီးတွေကို ပညာပေးရမယ်။ ကိုယ့်ဟာကို ရပ်တည်နိုင်ရင် ဒီသားသမီးများဟာ မိမိတို့ဘ၀မှာ မိမိတို့ ဘာသာရပ်တည်နိုင်တဲ့ ပညာတွေ ပေးရမယ်။ အဲဒီပညာအမွေကို ပေးမယ်ဆိုရင် တခြားဘာမှ မလိုဘူး။ ကျမ ခနခန ပြောတယ်။ ဘာမှပိုက်ဆံတွေဘာတွေ အမွေမထားခဲ့နိုင်ဘူး ပညာပဲသင်ပေးမယ်။ ဒါဟာ အင်မတန်မှန်တဲ့ အယူအဆလို့ ခံယူပါတယ်။ အဆိုတခုရှိတယ်လေ။ ဥစ္စာဟူးသည်မျက်လှည့်မျိုး၊ ပညာဟူသည်မျက်ရွှေအိုး။ မျက်လှည့်မျိုးဆိုတာ အခုမြင်အခုပျောက်၊ ဥစ္စာဆိုတာ တနေ့ထဲနဲ့ ပျောက်သွားနိုင်တယ်။ ဥပမာ မီးလောင်သွားလို့ဖြစ်စေ၊ မီးလောင်တာဆိုရင်တရက်တွင်း မဟုတ်ဘူး နာရီပိုင်းနဲ့ ပျောက်သွားမယ်။ ဒါပေမယ့် ကိုယ့်မှာ ပညာရှိနေရင် ပြန်ပြီးရှာလို့ရတယ်။ အဲတော့ မိဘတွေက ကိုယ့်ရဲ့ကလေးတွေအတွက်၊ သားသမီးတွေအတွက်စဉ်းစားမယ်ဆိုရင် ပိုက်ဆံအမွေပဲပေးခဲ့မယ်လို့မစဉ်းစားပဲနဲ့ ပညာအမွေပဲ ပေးခဲ့ဖို့စဉ်းစားပါလို့ ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်။” ဟု ဖြေကြားခဲ့သည်။

ANNM
The Ladies News
https://www.facebook.com/News.TheLadies
သားသမီးများကို ဥစ္စာအမွေထက် ပညာအမွေသာပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း  သားသမီးများကို ဥစ္စာအမွေထက် ပညာအမွေသာပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း Reviewed by THITHTOOLWIN on 21:40 Rating: 5
Powered by Blogger.