ထိုင်းနိုင်ငံသူတဦး မုဒိန်းကျင့် သတ်ဖြတ်ခံရမှု ကြောင့် မင်္သကာသူ မြန်မာနိုင်ငံသား နှစ်ဦးအား ရဲတပ်ဖွဲ့ က ရှာဖွေဖမ်းဆီးနေ


8July2016

ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ဘန်ဖွန်ထရင် မြို့ နယ် စကယ်ငန် ၂၆ လမ်း အတွင်း ကွင်းပြင်တခုမှာ ယနေ့ မနက်ခြောက် နာရီ က အ၀တ်အစား မပါဘဲ သေဆုံးနေသူ ထိုင်းနိုင်ငံသူတဦးကို လည်ပင်းဒါးနဲ့ လှီးသတ်ဖြတ် ထားတဲ့ ဖြတ်ရပ် နဲ့  ပါတ်သက်ပြီး မြန်မာနိုင်ငံသား နေမင်းနဲ့  သူ့ ဇနီးကို ထိုင်းရဲတွေ ပိုက်စိတ် တိုက်ရှာဖွေဖမ်းဆီးနေကြောင်း ထိုင်းသတင်းတွေမှာ ဖေါ်ပြနေပါတယ်။


သေဆုံးသူ အမျိုးသမီးဟာ အူဘွန်ရချဌာနီ မှ ဘန်ကောက်ကို လာရောက် အလုပ်လုပ်ကိုင်နေသူဖြစ်ပါတယ်၊ အခင်းမဖြစ်ပွားခင် ညပိုင်းမှာ CCTV နဲ့  သက်သေတွေ ရဲ့  စစ်ချက်အရ သေဆုံးသူနဲ့  ရင်းနှီးသူ မြန်မာနိုင်ငံသားနေမင်း ဆိုသူနဲ့  နောက်ဆုံးတွေခဲ့တာဖြစ်ပါတယ်။


ယခုမှုခင်းနဲ့ ပါတ်သက်ပြီး ဘန်ကောက် ရဲမှူးကြီးကိုယ်တိုင်လာရောက် စစ်ဆေးခဲ့ပါတယ် ၊ နေမင်းနဲ့  ကိုယ်ဝန်ရှိနေတဲ့ ဇနီးဖြစ်သူတို့ ဟာ ထွက်ပြေးသွားခဲ့ပြီဖြစ် လို့  ရဲတပ်ဖွဲ့ က နေမင်းဓါတ်ပုံနဲ့  ဆိုရှယ်မီဒီယာတွေမှာ တွေတဲ့နေရာ သတင်းပေး အကြောင်းကြားကြပါလို့  ထိုင်းနိုင်ငံသားတွေကို ပန်ကြားထားတာလည်းတွေ့ ရပါတယ်။

Social Action for Women - SAW
ထိုင်းနိုင်ငံသူတဦး မုဒိန်းကျင့် သတ်ဖြတ်ခံရမှု ကြောင့် မင်္သကာသူ မြန်မာနိုင်ငံသား နှစ်ဦးအား ရဲတပ်ဖွဲ့ က ရှာဖွေဖမ်းဆီးနေ  ထိုင်းနိုင်ငံသူတဦး မုဒိန်းကျင့် သတ်ဖြတ်ခံရမှု ကြောင့် မင်္သကာသူ မြန်မာနိုင်ငံသား နှစ်ဦးအား ရဲတပ်ဖွဲ့ က ရှာဖွေဖမ်းဆီးနေ Reviewed by THITHTOOLWIN on 23:06 Rating: 5
Powered by Blogger.