ပြည်တွင်းရှိ သားရဲ တိရစ္ဆာန်များကို ပြည်ပသို့ တရားမဝင် ရောင်းချနေမှုများ ထိန်းချုပ် သွား မည်


မြန်မာနိုင်ငံ အတွင်းရှိ သားရဲ တိရစ္ဆာန်များကို ပြည်ပသို့ တရားမဝင် တင်ပို့ရောင်းချ နေမှုများ ကြောင့်
မျိုးသုဉ်းပျောက်ကွယ်မှု အန္တရာယ်ကင်းဝေးရန် ထိရောက်သော ကြပ်မတ်မှုများဖြင့် ထိန်းချုပ် ပေးသွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 အဆိုပါ လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် တားဆီးနှိမ်နင်းရေးတွင် တိကျသောသတင်း ပေးပို့မှုများသည် အရေးကြီးသည့် အတွက် သစ်တောဦးစီးဌာန အနေဖြင့် နိုင်ငံတကာ NGO အဖွဲ့အစည်းများ ဖြစ်သော Wildlife Conservation Society ၊ World Wide Fund တို့နှင့်ပူးပေါင်းကာ တောရိုင်း တိရစ္ဆာန်နှင့် အစိတ်အပိုင်းများအား နယ်စပ်ဒေသများသို့ မှောင်ခိုရောင်းဝယ်မှုသတင်း အချက် အလက်များ စုဆောင်းရေးအတွက် စီစဉ်ဆောင် ရွက်နေကြောင်း၊ အလားတူ နယ်စပ်လမ်း ကြောင်း များတွင်လည်း ကြပ်မတ် စစ်ဆေးခြင်းတို့ကို ဆက်တိုက် ပြုလုပ်ပေးလျက်ရှိကြောင်း၊ ဆင်စွယ်၊ မြွေ၊ လိပ်နှင့် သင်းခွေချပ် တို့ကို အများဆုံး တရားမဝင် မှောင်ခိုတင်ပို့ ကြပြီး တခြားသော တောရိုင်းတိရစ္ဆာန်များ၏ အစိတ်အပိုင်းများကိုလည်း တင်ပို့ကြသည်။

ယင်း တောရိုင်းတိရစ္ဆာန်နှင့် ၎င်းတို့၏ အစိတ်အပိုင်းများအား နိုင်ငံတကာ၌ တရားမဝင် ကုန် သွယ်ရောင်းဝယ်ခြင်းသည် လက်နက်မှောင်ခို၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု တို့ နောက်တွင် အဆင့် (၄) နေရာတွင်ရှိနေကြောင်း၊ ထို့အတွက် ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းကာ ရှားပါး မျိုးစိတ်များ ကူးသန်းရောင်းဝယ်မှုကို ထိန်းချုပ်နိုင် ရန် တောရိုင်း တိရစ္ဆာန် ရောင်းဝယ်မှု စောင့် ကြည့်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ရက်အဖွဲ့ (TRAFFIC) နှင့် ပူးပေါင်းကာ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ဝန်ထမ်းများကို သင်တန်း များ ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွင်း တရားမဝင် မှောင်ခိုကုန်သွယ်မှုများ ရှိနေသေးကြောင်း သိရသည်။

 ကာကွယ်ထားသည့် တော ရိုင်းတိရစ္ဆာန်များကို ခွင့်ပြုချက် မရှိဘဲ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်း၊ သယ်ဆောင်ခြင်း နှင့် ပြည်ပသို့ တင်ပို့ရောင်းချခြင်းများ တွေ့ရှိပါက ထောင်ဒဏ် ခုနစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ် ငွေကျပ် ၅ဝဝဝဝ အထိဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

 ၂ဝ၁ဝ ပြည့်နှစ်မှ ယခုနှစ် ဇူလိုင်လအထိ တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်း ဝယ် ဖောက်ကား ခြင်း ဖမ်းဆီးရမိမှုသည် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ ၁၂ မှု၊ ဧရာဝတီတိုင်း ဒေသကြီး ၌ ကိုးမှု၊ ကချင်ပြည်နယ်၌ ခုနစ်မှု၊ တနင်္သာရီ တိုင်း ဒေသကြီး၌ ငါးမှု၊ ရန်ကုန်တိုင်းဒေသကြီး ၌ ရှစ်မှု၊ နေပြည်တော် အပါအဝင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကယားပြည်နယ် တို့၌ ၁၄ မှုစီ ရှိခဲ့ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia
ပြည်တွင်းရှိ သားရဲ တိရစ္ဆာန်များကို ပြည်ပသို့ တရားမဝင် ရောင်းချနေမှုများ ထိန်းချုပ် သွား မည်  ပြည်တွင်းရှိ သားရဲ တိရစ္ဆာန်များကို ပြည်ပသို့ တရားမဝင် ရောင်းချနေမှုများ ထိန်းချုပ် သွား မည် Reviewed by THITHTOOLWIN on 13:23 Rating: 5
Powered by Blogger.