ရသေ့တောင်မြို့ပေါ်တွင် ဆန္ဒထုတ်ဖော်ပြီး အပြန်တွင် လူတစ်ဦးရေနစ်မြုပ် ၊ ယခုအချိန်ထိ ရှာမတွေ့သေးကြောင် သိရ

ဓာတ်ပုံ - ပျောက်ဆုံးသူအား ဒေသခံများက ရှာဖွေနေကြစဉ်
July 10. DNJ

ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအဝိုင်းဆိုသော အသုံးအနှုန်းများနှင့် ပတ်သက်၍ ဇူလိုင်လ (၉) ရက်နေ့က ရသေ့တောင်မြို့ပေါ်တွင် ကျေးလက်နေပြည်သူများအပါအဝင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ပွဲမှ အပြနှ်တွင် ထွန်းရဝေကျေးရွာမှ အမျိုးသားတစ်ဦး ထွန်းရဝေချောင်းတံတားကြီးကို ဖြတ်ကူးရာမှ ရေထဲသို့ပြုတ်ကျခဲ့ပြီး နစ်မြုပ်ကာ ပျောက်ဆုံးခဲ့ပြီး ယခုအချိန်ထိ ရှာဖွေမတွေ့ရှိသေးကြောင်း သိရသည်။

“ မနေ့ကဖြစ်တာ။ သူနဲ့အတူပါလာတဲ့ သူငယ်ချင်းနှစ်ယောက်ကလည်း သူ့ကိုမကယ်လိုက်ရဘူး။ သူ့ကို ခုထိရှာဖွေမတွေ့သေးဘူး။ ရွာသားတွေက စက်လှေခုနစ်စီးနဲ့နေရာအနှံ့ ရှာဖွေနေပါတယ်။ တစ်စုံတစ်ရာထူးခြားမှုမရှိသေးပါဘူး။ သူ့မှာ ကိုယ်ဝန်နဲ့ ဇနီးတစ်ဦး ကျန်ခဲ့ပါတယ် ” ဟု အဆိုပါကျေးရွာမှ ဒေသခံတစ်ဦးဖြစ်သူ ဦးခင်အေးမောင် က ယနေ့နံနက် ၁၀ နာရီအချိန့်ခန့်က ဆိုသည်။

ပျောက်ဆုံးနေသူ ဦးမောင်မောင်(အသက် ၃၁)သည် တခြားသူငယ်ချင်းနှစ်ယောက်နှင့်အတူ မိမိကျေးရွာသို့အပြန်ခရီးဖြစ်သည့် ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းမအတိုင်း သွားကြရာ တည်ဆောက်ဆဲဖြစ်သော ထွန်းရဝေတံတားကြီးကို ဖြတ်ကူးရာမှ ရေထဲသို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Development Media Group
https://www.facebook.com/DevelopmentNJ
ရသေ့တောင်မြို့ပေါ်တွင် ဆန္ဒထုတ်ဖော်ပြီး အပြန်တွင် လူတစ်ဦးရေနစ်မြုပ် ၊ ယခုအချိန်ထိ ရှာမတွေ့သေးကြောင် သိရ  ရသေ့တောင်မြို့ပေါ်တွင် ဆန္ဒထုတ်ဖော်ပြီး အပြန်တွင် လူတစ်ဦးရေနစ်မြုပ် ၊ ယခုအချိန်ထိ ရှာမတွေ့သေးကြောင် သိရ Reviewed by THITHTOOLWIN on 12:22 Rating: 5
Powered by Blogger.