အိန္ဒိယတပ်လေယာဉ် ပျံသန်းနေတုန်း ပျောက်

အိန္ဒိယ တပ်က Antonov AN-32 လေယာဉ် တစီး
အိန္ဒိယ တောင်ပိုင်း ချင်နိုင်းမြို့ကနေ ကပ္ပလီကျွန်းကို သွားတဲ့ အိန္ဒိယ လေတပ်ပိုင် လေယာဉ်တစင်း ပျောက်ဆုံး နေတယ်လို့ အိန္ဒိယ စစ်ဘက်က ပြောပါတယ်။

အိန္ဒိယ တပ်က Antonov AN-32 အမျိုးအစား လေယာဉ်ပေါ် လူ ၂၉ ယောက် လိုက်ပါလာပြီး ဘင်္ဂလား ပင်လယ်အော်ပေါ် ပျံသန်းနေစဉ် ပျောက်ဆုံး သွားတာပါ။

၃ နာရီကြာ ပျံသန်းရမယ့် ခရီးစဉ် အတွင်း ရေဒါ ပေါ်က ပျောက်ဆုံး သွားတာ ဖြစ်ပါတယ်။

အိန္ဒိယ ရေတပ်၊ လေတပ်နဲ့ ကမ်းခြေစောင့် တပ်တွေ ပေါင်းပြီး ရှာဖွေရေးတွေ လုပ်နေပါတယ်။

ကပ္ပလီ ကျွန်းတွေဟာ အိန္ဒိယ သမုဒ္ဒရာထဲမှာ တည်ရှိပြီး အိန္ဒိယ အစိုးရက အရေးပါတဲ့ စစ်စခန်း တခု ထားရှိတဲ့ နေရာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ