သိမ်ဖြူလမ်းမှာ (၁၂၄)ခရီးသည်တင်ယာဉ်တစ်စီးက ယာဉ်(၉)စီးကို ဆက်တိုက် တိုက်မိမှုဖြစ်ပွား


ဇူလိုင်လ(၂၃)ရက် မနက်(၇)နာရီဝန်းကျင်က ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းမှာ (၁၂၄)ခရီးသည်တင်ယာဉ်တစ်စီးက ယာဉ်(၉)စီးကို ဆက်တိုက် တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့ အမှတ်(၂)ယဉ်ထိမ်းရဲတပ်ဖွဲ့ခွဲမှုးရုံးကအတည်ပြုပါတယ်။

 စုစုပေါင်းယဉ်(၁၀)စီးပါဝင်ခဲ့တဲ့ဒီယဉ်တိုက်မှုဖြစ်စဉ်မှာ (၁၂၄)ခရီးသည်တင်ယာဉ်လိုင်း ယာဉ်အမှတ် (IC-1528) ယာဉ်ဟာ သိမ်ဖြူလမ်းအတိုင်းမောင်းနှင်လာစဉ် ကုန်သည်မီးပွိုင့်အရောက် မီးနီဖြတ်မောင်းခဲ့တဲ့အတွက် ကုန်သည်လမ်းအတိုင်း အရှေ့ကနေအနောက်ကို ယာဉ်မောင်းသန်းရွှေမောင်းနှင်လာတဲ့ တိုယိုတာ ကိုရိုလာဘင်ကားကို တိုက်မိခဲ့ပါတယ်။


အဲဒီကတစ်ဆင့် သိမ်ဖြူလမ်းပေါ်က ဘယ်ဘက်လမ်းစပ်တစ်လျှောက်မှာ ရပ်ထားတဲ့ ကား(၈)စီးကို ဆင့်ကာတိုက်မိပြီး နောက်ဆုံးတိုက်မိခဲ့တဲ့ယာဉ်ဟာ မြန်မာဖိုက်စတား သင်္ဘောလိုင်းပိုင် တိုက်ခန်းဝင်ပေါက်တံခါးကို ထပ်မံတိုက်မိခဲ့ပါတယ်။


 ဒီလိုတိုက်မိခဲ့တဲ့အတွက် (၁၂၄)ယာဉ်လိုင်းက ယာဉ်မောင်းဖြစ်သူဟာ အခင်းဖြစ်နေရာမှာတင် ယာဉ်ကိုထားပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။

 ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး (၁၂၄)ယာဉ်လိုင်းမှ ယာဉ်မောင်းဖြစ်သူ(စုံစမ်းဆဲ)ကို ယာဉ်ပြစ်မှုနံပါတ် (၁၈/၂၀၁၆) ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ (၂၇၉/၂၀၂)အရ အမှုဖွင့်အရေးယူထားပြီး ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ-ကတူး
5 Plus News
https://www.facebook.com/5plusnews/
သိမ်ဖြူလမ်းမှာ (၁၂၄)ခရီးသည်တင်ယာဉ်တစ်စီးက ယာဉ်(၉)စီးကို ဆက်တိုက် တိုက်မိမှုဖြစ်ပွား  သိမ်ဖြူလမ်းမှာ (၁၂၄)ခရီးသည်တင်ယာဉ်တစ်စီးက ယာဉ်(၉)စီးကို ဆက်တိုက် တိုက်မိမှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:54 Rating: 5
Powered by Blogger.