မြ၀တီမြို့တွင် လူသတ်မှုဖြစ်ပွား


ထိုင်းနယ်စပ် မြဝတီမြို့တွင် ဇူလိုင်လ၂၁ရက်နေ့က လူသတ်မှုတစ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မြဝတီမြို့အမှတ် ၄ ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဒေါ်မသီတိုက်ခန်းတွင် ငှားရမ်းနေထိုင်ပြီး ထိုင်း - မြန်မာ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသည့် စန်းလင်းအောင် ဆိုသူသည် ဇူလိုင်လ၂၁ရက်နေ့နံနက် ၉းဝဝနာရီအချိန်ခန့်တွင် ၎င်းနေသော အခန်းအတွင်း လက်ပြန်ကြိုး တုပ်ခံထားရပြီး မှောက်လျှက် သေဆုံးနေကြောင်း တိုက်ခန်းပိုင်ရှင်ဒေါ်မသီ၏ သတင်းပေးပို့မှုကြောင့် မြဝတီခရိုင်ရဲမှူးကြီး တင်မျိုးထူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးတင်ထွဋ်၊ စခန်းမှူးဒုရဲမှူးကိုကိုနိုင်နှင့် ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ကြပြီး စစ်ဆေးစုံစမ်းမှုများပြုလုပ်ရာ စန်းလင်းအောင် ဇူလိုင်လ၂၁ ရက်နေ့နံနက် ၉းဝဝ နာရီအချိန်ခန့်တွင် ၎င်းနေသော အခန်းအတွင်း ခြေထောက်နှင့်လက်တို့အား အဝတ်များဖြင့် တုပ်နှောင်ခံထားရကာ မှောက်လျှက်အနေ အထားဖြင့် သေဆုံးနေကြောင်းတွေ့ရှိခဲ့ရသလို ၎င်း၏ဆွဲကြိုးနှင့်လက်စွပ်မှာလည်းမရှိတော့ကြောင်း၊ ငွေလွှဲရာတွင် အသုံးပြုသော ဘဏ်ငွေထုတ်ကတ်များလည်း မတွေ့ရတော့ကြောင်းနှင့် ၎င်းနေသည့်တိုက်ခန်း၏ နောက်တံခါးမှာလည်း ပွင့်နေကြောင်း စစ်ဆေးသိရသည်။


အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လူသတ်တရားခံများအား အမြန်ဆုံးဖမ်း ဆီးဖော်ထုတ်နှိုင်ရေးအတွက် မြဝတီရဲတပ်ဖွဲ့မှ အပူတပြင်းဆောင်ရွက် နေကြောင်းသိရသည်။

ကိုကိုမောင် (မြဝတီ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မြ၀တီမြို့တွင် လူသတ်မှုဖြစ်ပွား  မြ၀တီမြို့တွင် လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:47 Rating: 5
Powered by Blogger.