သုံးခွ ဇူလိုင် ၅
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့ နယ် ကုန်းခလာကျေးရွာအုပ်စု ရေခလာကျေးရွာ ၌ ဇူလိုင် ၄ ရက် ညနေ ၆ နာရီခန့်က လေပြင်းတိုက်ခတ်ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်ရာ အိမ်ခြေ(၁၈) အိမ်၊ သစ်ပင်ကြီးငယ်များ၊ စာသင်ကျောင်းခြံစည်းရိုးနှင့် မုဒ်ဦးပေ ၁၀၀ ခန့် ပြိုလဲကာ၊ ရေခလာကျေး ရွာ ဇေတဝန် ဘုန်းတော်ကြီးကျောင်းဟောင်း ဓမ္မာရုံ အမိုးသွပ်လန်ပျက်စီး၊ ဟိန္ဒူဘုရားကျောင်း ထမင်းစားဆောင်အမိုး သွပ်လန်ပျက်စီး၊ ကျောင်းဆရာမ များ နေအိမ်နှင့် သွပ်မိုးနေအိမ်(၁၈)အိမ်၊ ဓနိမိုးနေအိမ် တစ်လုံးတို့ အမိုးလန် ပျက်စီးခဲ့ပြီး ရွာသူရွာသားများနှင့် ကျွဲနွား တိရစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း သိရသည်။
လေပြင်းတိုက်ခတ်ခံရသည့် ကျေးရွာသို့ ကတုံးပေါ်ရဲကင်း စခန်းမှူး ရဲအုပ် ဝင်းဗိုလ် ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်လွင် တို့က သွားရောက် ကူညီ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ကြည်စိုးလွင် (သုံးခွ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
သုံးခွမြို့ နယ် ရေခလာကျေးရွာ၌ လေပြင်းတိုက်ခတ်မှု ဖြစ်ပွား
Reviewed by THITHTOOLWIN
on
16:13
Rating:
