ပုဂံတွင် ထိုင်ဝမ်နိုင်ငံသူတစ်ဦးလုယက်ခံရ


ပုဂံမြို့ ဘုရားအမှတ် ၇၆၁အနီးတွင် ပန်းချီရေးဆွဲနေသော ထိုင်ဝမ်နိုင်ငံသူ ခရီးသွား တစ်ဦးထံမှ လူ ၄ ဦးက ပစ္စည်းလုယက်မှုတခု ယနေ့ ဇူလိုင်၂၆ ရက် နေ့လယ်ပိုင်းတွင် ဖြစ်ပွားခဲ့သည်။


ထိုင်ဝမ်နိုင်ငံသူအား အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ က ဓားဖြင့် ထိုး၍ ကင်မရာတစ်လုံး၊ ထိုင်ဝမ်ငွေကြေး ၊ ဒေါ်လာများအပြင် မြန်မာကျပ်ငွေ ၇ သောင်းကျော်နှင့် ပတ်စ်ပို့တို့အား ယူဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဓားဖြင့်ထိုးခံရမှုကြောင့် ခြေထောက်နှစ်ဘက်နှင့် လက်တစ်ဘက်တို့တွင် ဒဏ်ရာများ ရရှိခဲ့ပြီး လုယက်သူများအား ရဲတပ်ဖွဲ့မှ မြို့ဝင်မြို့ထွက် ဂိတ်များတွင် ပိတ်ဆို့ရှာဖွေလျက်ရှိသည်။

Myanmar Citizen News Agency
ပုဂံတွင် ထိုင်ဝမ်နိုင်ငံသူတစ်ဦးလုယက်ခံရ ပုဂံတွင် ထိုင်ဝမ်နိုင်ငံသူတစ်ဦးလုယက်ခံရ Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.