![]() |
ပျက်စီးသွာသည့် တံတားတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ-အောင်သန်းကျော်အောင် |
ရခိုင်ပြည်နယ်တွင် ဇူလိုင်လ၄ရက်နေ့မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုဖြစ်ကာ မြောက်ဦးခရိုင်တစ်ခုတည်းတွင် ပြောင်းရွှေ့နေထိုင်ရ သူပေါင်း နှစ်သောင်းနီးပါးခန့်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ မင်းပြားမြို့မှာဆို ရပ်ကွက်၃ရပ်ကွက်က လူတွေရွှေ့ပြောင်းနေထိုင်ကြရတယ်။ ရွာတွေမှာတော့ ၄၈ရွာလောက် ရေနစ်မြုပ်သွားတယ်လို့ သိရပါတယ်” ဟု မင်းပြားမှ ရေဘေးကူညီမှုပေးနေသော ကိုစိုးဝင်းက ပြောသည်။
မြောက်ဦးခရိုင်အတွင်းတွင် မြောက်ဦးမြို့နယ်၌ ရပ် ကွက်၎ရပ်ကွက်နှင့် ရွာ ၁၂ရွာ အိမ်ထောင်စုပေါင်း ၇၂၀စုနှင့် လူဦးရေပေါင်း၃၄၁၈ဦး၊ ကျောက်တော်မြို့ နယ်၌ ရွာ ၁၃ရွာ အိမ်ထောင်စုပေါင်း၆၃၃စုနှင့် လူဦးရေ ပေါင်း၂၈၂၈ဦး၊ မင်းပြားမြို့နယ်၌ ရပ်ကွက်၃ရပ်ကွက် နှင့် ရွာ၄၅ရွာ အိမ်ထောင်စုပေါင်း၂၉၄၄စုနှင့် လူဦးရေ ပေါင်း၁၂၀၁၀ဦးတို့ကို နေရာ၉၉နေရာသို့ ပြောင်းရွှေ့ နေကြကြောင်းကို ရခိုင်ပြည်နယ် အစိုးရထံမှ သိရ သည်။
![]() |
ပျက်စီးသွာသည့် တံတားတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ-အောင်သန်းကျော်အောင် |
“ကျွန်တော်တို့မှ ကုန်ပစ္စည်းတွေကိုတော့ မင်းပြားက ဂိတ်မှာပဲ ချထားရပါတယ်။ မင်းပြားကနေ စစ်တွေကို ကားသွားလို့မရပါဘူး။ တံတားတွေကျိုးသွားတယ်လို့ သိ ရပါတယ်။ ခန့်မှန်း ၁၅ရက်လောက်ကြာမယ်လို့ သိရပါ တယ်” ဟု ရန်ကုန်-စစ်တွေသို့ ပြေးဆွဲနေသော ခရီး သည်တင်ယာဉ်ဖြစ်သည့် အကယ်ဒမီကားဂိတ်မှ တာ ၀န်ရှိသူတစ်ဦးက ဆိုသည်။
လွန်ခဲ့သည့် ၂၀၁၅ခုနှစ် ဇွန်လကလည်း မိုးသည်း ထန် စွာရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်တွင် လူ၆ဦး၊ တိရိစ္ဆာန် ၂၅၀၅၅ကောင် သေဆုံးခဲ့ပြီး စိုက်ပျိုးမြေ ၂၅၆၄ဧက၊ လူနေအိမ်၅၉၂လုံး၊စာသင်ကျောင်း ၇ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၂ကျောင်း၊ လမ်းပိုင်း ၄၂နေရာ နှင့် တံတား၅၆စင်း ပျက်စီးခဲ့ရပြီး ပျက်စီးဆုံး ရှုံးမှု တန်ဘိုးမှာ ၃.၂၁၆ဘီလီယံရှိခဲ့သည်။
ရဲလင်းသူ
CentralNewsMyanmar
https://www.facebook.com/CNMyanmar/
ရခိုင်ပြည်နယ်တွင် ရေဘေးကြောင့် မြောက်ဦးခရိုင်တွင် ပြောင်းရွှေ့နေထိုင်ရသူ နှစ်သောင်းနီးပါရှိလာ
Reviewed by THITHTOOLWIN
on
09:53
Rating:
