ရန်ငြှိုးရန်စ မရှိဘဲ အုပ်စုဖြင့် ၀ိုင်းဝန်းရိုက်နှက်မှုဖြစ်


(4-7-2016) ည(၁၁း၃၀)နာရီခန့်က လားရှိုးမြို့၊ ရပ်ကွက်(၅)၊ နယ်မြေ(၁၀)နေ ကိုကျော်သူထိုက် နှင့် ကိုမျိုးမြင့်အောင် တို့သည် ၎င်းတို့အိမ်အနီး ကိုကာကိုလာ စားသောက်ဆိုင်ဘေးရှိ ၀က်သားဒုတ်ထိုးဆိုင်တွင် ၀က်သားဒုတ်ထိုးထိုင်စားနေကြစဉ် အမည်မသိ တရုတ်လူငယ်(၈)ဦးခန့်မှ ရောက်ရှိလာပြီး ကိုကျော်သူထိုက် တို့ကိုဝိုင်းရိုက်ကြကြောင်းသိရှိရသည်။


 ထိုသို့ ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် ကိုကျော်သူထိုက်၏ နဖူး၊ ၀ဲဘက်ပါး၊ ယာဘက်အပေါ်နှုတ်ခမ်းတို့တွင် ပေါက်ပြဲ ဒဏ်ရာများရရှိခဲ့ပြီး လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်းသိရှိရသည်။


ဝိုင်းရိုက်နှက်သည့် တရုတ်လူငယ်များက ရိုက်နှက်ပြီး ထွက်ပြေးကြသည့်အတွက် ၎င်းတို့ကို အမှတ်(၅)ရပ်ကွက်ရဲကင်းရှိ ရဲတပ်ဖွဲ့ဝင်များနှင့် အနီးဝန်းကျင်နေ ပြည်သူများက ၀ိုင်းဝန်းဖမ်းဆီးသဖြင့် တရုတ်လူငယ်(၃)ဦးကို ၎င်းတို့မောင်းနှင်လာသောကား(၂)စီးနှင့်အတူ ဖမ်းဆီးမိထားပြီး လားရှိုးမြို့မရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့် စစ်ဆေးနေကြောင်းသိရှိရသည်။

Nay Myo
ရန်ငြှိုးရန်စ မရှိဘဲ အုပ်စုဖြင့် ၀ိုင်းဝန်းရိုက်နှက်မှုဖြစ်  ရန်ငြှိုးရန်စ မရှိဘဲ အုပ်စုဖြင့် ၀ိုင်းဝန်းရိုက်နှက်မှုဖြစ် Reviewed by THITHTOOLWIN on 17:33 Rating: 5
Powered by Blogger.