မြူးနစ်မြို့ မှာ အကြမ်းဖက် ပစ်ခတ်မှုဖြစ်

ဂျာမနီ မြူးနစ်မြို့ လုံခြုံရေး တင်းကြပ်
ဇူလိုင်လ ၂၂ ရက် မနေ့ ညနေပိုင်း က ဂျာမနီ နိုင်ငံ မြူးနစ်မြို့ရှိ ဈေးအဆောက်အအုံ ကြီးတခု ဖြစ်တဲ့ အိုလံပီယာ ရှော့ပင်း စင်တာ ထဲမှာ ဘယ်သူ ဘယ်ဝါမှန်း မသိရသေး တဲ့ သေနတ်သမား တွေ ဝင်ရောက် ပစ်ခတ်မှု ကြောင့် အနည်းဆုံး လူရှစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသွားပါတယ်။ သောကြာနေ့ ညနေပိုင်း ဖြစ်လို့ မိသားစုတွေ အလိုက် ရော အလုပ်မှ ပြန်လာ သူ တွေ ပါ အိမ် ပြန် ဈေးဝယ်ကြတဲ့ အတွက် ဈေးရုံ ထဲမှာ လူစည်ကားနေတာပါ။ သေနတ်သံတွေ ထွက်လာတာနဲ့ ဈေးရုံ လုံခြုံရေး ဝန်ထမ်းတွေ က အဝင်တံခါးဝတွေ ကို ချက်ချင်းပိတ်လိုက်တဲ့ အကြောင်း မျက်မြင် ဈေးဝယ်တဦး က ပြောပါတယ်။

ဈေးဝယ်သူတွေဟာ သေနတ်ပစ်ခတ်မှု ဖြစ်လို့ ဆိုတာ ကို ကြားတာနဲ့ ကြောက်ရွံ့ တုံလှုပ်နေ ပြီး လူတွေလည်း အလန့်တကြား အော်ပြီး ထွက်လာ ကြတဲ့ အကြောင်း၊ လုံခြုံရေး တွေ က လည်း အပေါ်ထပ် ဘေးကင်းရာ အထပ်ငါးထပ် မှာ သွားနေကြဖို့ ပြော သလို ဒီ အဆောက်အအုံ ထဲကလည်း မထွက်ဖို့ ပြောလို့ ဈေးဝယ်ထွက်တဲ့ လူပေါင်း၁၅၀ ဟာ အပေါ်ထပ်မှာ စုနေကြပါတယ် လို့ ကိုယ်တွေ ကြုံသူ က ဆိုပါတယ်။

အခင်း ဖြစ်ပွားတဲ့ နေရာဆီ မရှေးမနှောင်း မှာ ရောက်လာတဲ့ ရဲဝန်ထမ်းတွေ လည်း ဈေးရုံ ကားရပ်တဲ့ အထပ်တွေ မှာရော၊ ပြင်ပ နေရာ မှာ နေရာယူပြီး သေနတ်သမားတွေ ကို လိုက်လံရှာဖွေ ကြပါတယ်။

ပြီးခဲ့တဲ့ တနင်္လာ နေ့ကပဲ ဘာဗေးရီးယား ခရီးသည်တင် ရထားပေါ် မှာ အာဖဂန်လူငယ်တဦး က ပုဆိန်နဲ့ ရော ဓါး နဲ့ ပါ ခရီးသည်တွေ ကို တိုက်ခိုက် လို့ ၅ ဦး ဒဏ်ရာ ရခဲ့ အတွက် ဂျာမနီ ရဲ လုံခြုံရေး တွေ ဟာ တပ်လှန့်ထား တဲ့ အနေအထား မှာ ရှိနေစဉ် မှာပဲ အခု ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

အခုတော့ သေနတ်သမား သုံးဦး လို့ ယူဆသူတွေ ကို ဖမ်းမိအောင် ရဲတွေ က မြို့တွင်း ကားအသွားအလာလမ်းတွေ၊ ရထား ခရီးစဉ်တွေ ပါ ပိတ်ထားလိုက်ပါပြီ။ လူတွေ ကိုလည်း အပြင် မထွက်ဖို့ မီဒီယာ သတင်းတွေ က တဆင့် မှာကြား လိုက်ပါပြီ။ အပြင် ရောက်နေသူတွေ ကို အိမ်ပြန်နိုင်ရေး လည်း စီစဉ် ပို့ဆောင် ပေးပါတယ်။

ရဟတ်ယာဉ်တွေ လည်း မြူးနစ်မြို့ တခွင် ပျံဝဲနေပါတယ်။ အထူးတပ်ဖွဲ့ဝင်တွေ နဲ့ ရဲ အဖွဲ့ပူးပေါင်းပြီး သေနတ်သမားတွေ ကို အပူတပြင်း ရှာနေကြပါတယ်။

မြူးနစ်ရဲ အဖွဲ့ မှ သတင်းစာရှင်းလင်းပွဲ မှာ ပြောခွင့်ရ အရာရှိ ကလည်း ရဲ ဘက် က ယူဆ တာ ကတော့ အကြမ်းဖက်တိုက်ခိုက်မှု လို့ ပဲ သုံးသပ် လို့ အရေးယူ ဆောင်ရွက်စရာတွေ ကို ရော သတင်းအချက် အလက်တွေ ကိုပါ အဆင့်အမြင့်ဆုံး ထားပြီး ဆောင်ရွက်နေတဲ့ အကြောင်း၊ ဒီဂျာမနီ နိုင်ငံထဲမှာ ရော ဥရောပ မှာပါ အကြမ်းဖက် တိုက်ခိုက်မှု တွေ ပေါ်ပေါက်နေလို့ လုံခြုံရေး တပ်လှန့် ထားပါတယ် လို့ ရှင်းပြ ပါတယ်။

BBC Burmese
http://www.bbc.com/burmese
မြူးနစ်မြို့ မှာ အကြမ်းဖက် ပစ်ခတ်မှုဖြစ် မြူးနစ်မြို့ မှာ အကြမ်းဖက် ပစ်ခတ်မှုဖြစ် Reviewed by THITHTOOLWIN on 05:32 Rating: 5
Powered by Blogger.