သထုံနှင့် မြဝတီသို့ ယာဉ်လိုင်းပြေးဆွဲနေသည့် လိုင်စင်မဲ့ယာဉ်သုံး စီးဖမ်းဆီးရမိ


မွန်ပြည်နယ်၊ သထုံခရိုင်နှင့် ကရင်ပြည်နယ်၊ မြဝတီသို့ ခရီးသည်တင်ယာဉ်လိုင်းပြေးဆွဲနေသည့် ယာဉ်များအား ဇူလိုင် ၁၃ ရက်၊ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးခဲ့ရာမှ လိုင်စင်မဲ့ခရီးသည်တင်မော်တော်ယာဉ် သုံး စီးကို ဖမ်းဆီးရမိခဲ့ကြောင်း သထုံခရိုင်ရဲတပ်ဖွဲ့မှ သိရှိရသည်။

သထုံခရိုင်ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်အရ သထုံမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ပူးပေါင်းအဖွဲ့သည် ဘားအံဘက်မှ သထုံ ဘက်သို့မောင်းနှင်လာသော မော်တော်ယာဉ်များအား စစ်ဆေးရာတွင် ယာဉ်နှင့်ပတ်သက်၍ အထောက်အထား တစ်စုံတရာ ပြသနိုင်ခြင်းမရှိသော ယာဉ်မောင်း ကျော်လင်းထက်(၃၅)နှစ်မောင်းနှင်လာသော 3G /---- Caldina ယာဉ်၊ ယာဉ်မောင်း အေးလွင်(၅၃)နှစ်မောင်းနှင်လာသော 9K/---- Probox ယာဉ်နှင့် ယာဉ်မောင်း သိန်းလှ (၅၀)နှစ်မောင်းနှင်သော 4C/---- ယာဉ်တို့ကိုဖမ်းဆီးခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ လိုင်စင်မဲ့ယာဉ်တင်သွင်းမောင်းနှင်သူ ကျော်လင်းထက်အား(ပ) ၃၃၀ /၂၀၁၆၊ ပို့ကုန် သွင်းကုန်ပုဒ်မ(၈)၊ အေးလွင်အား (ပ) ၃၃၁ /၂၀၁၆၊ ပို့ကုန်သွင်းကုန်ပုဒ်မ (၈)နှင့် သိန်းလှအား (ပ) ၃၃၂/၂၀၁၆၊ ပို့ကုန်သွင်းကုန်ပုဒ်မ(၈)ဖြင့် သထုံမြို့မရဲစခန်းမှ အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
သထုံနှင့် မြဝတီသို့ ယာဉ်လိုင်းပြေးဆွဲနေသည့် လိုင်စင်မဲ့ယာဉ်သုံး စီးဖမ်းဆီးရမိ  သထုံနှင့် မြဝတီသို့ ယာဉ်လိုင်းပြေးဆွဲနေသည့် လိုင်စင်မဲ့ယာဉ်သုံး စီးဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:51 Rating: 5
Powered by Blogger.