မြောက်ဦးမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ကာ ဒေသခံ ၁၀၀ ကျော် ပြောင်းရွှေ့ နေထိုင်ရ
![]() |
ဓါတ်ပုံ (MOI) |
ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ် အချို့နှင့် ကျေးရွာများတွင် ၂၀၁၆ ခုနှစ်ဇူလိုင် ၃ ရက်နေ့မှ ၅ ရက်နေ့ အထိ သုံးရက် ဆက်တိုက် ရုတ်တရက် မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၅ ရက်နေ့ နံနက် ၄ နာရီအချိန်မှစ၍ ရမ်းချောင်းမြစ်ရေ ရေကြီးရေလျှံဖြစ်ပွား ခဲ့ကြောင်း သိရသည်။
အဆိုပါ မြစ်ကမ်းပါး တစ်လျှောက် နေ ထိုင်သော ကျေးရွာများဖြစ်သည့် ကျီရာပြင်၊ရန်အောင်ပြင်၊ ကျောက် ဆည်ပြင်၊ ပေါက်ပင်ကွင်း၊ အိုးထိမ်း၊ ပြိုင်းချနှင့် တိန်ညို အစ ရှိသော ကျေး ရွာများ ရေကြီးနှစ်မြုပ်လျှက်ရှိပြီး ကျီရာပြင် ကျေးရွာမှ အိမ်ထောင်စု ၅ စုနှင့် လူဦးရေ ၂၀ ဦး၊ ကျောက်ဆည်ပြင် ကျေးရွာမှ အိမ်ထောင်စု ၁၀ စု နှင့် လူဦးရေ ၃၅ ဦးတို့သည် ဘုန်ကြီးကျောင်း သို့ ပြောင်းရွှေ့နေထိုင် ခဲ့ကြရသည်။
ပေါက်ပင်ကွင်းကျေးရွာမှ အိမ်ထောင်စု ၂၀ စုနှင့် လူဦးရေ ၇၅ ဦးတို့သည်လည်း နီးစပ်ရာ ကျေးရွာတွင်းရှိ ဆွေမျိုးများ၏ ခြေတံရှည်နေအိမ်များသို့ လည်းကောင်း ယာယီပြောင်းရွှေ့ နေထိုင်လျှက်ရှိကြောင်း သတင်းရရှိသည်။
သစ်ထူးလွင်
မြောက်ဦးမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ကာ ဒေသခံ ၁၀၀ ကျော် ပြောင်းရွှေ့ နေထိုင်ရ
Reviewed by THITHTOOLWIN
on
16:13
Rating:
