နှစ်လအတွင်း ဆရာဝန်အသစ် နှစ်ထောင် ခန့်အပ်မည်

ပြည်သူ့လွှတ်တော်မှာ ဇူလိုင်လ ၂၆ ရက်နေ့က မေးမြန်းချက်များကို ဝန်ကြီး ဒေါက်တာမြင့်ထွေး ပြန်လည်ဖြေကြားနေစဉ်။ Photo: Pyithu Hluttaw Facebook
ကျန်းမာရေးဝန်ကြီးဌာနက လာမယ့်နှစ်လအတွင်း ဆရာဝန်အသစ် နှစ်ထောင် ခန့်အပ်သွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြောပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တချို့က ဆေးရုံတွေ အဆင့်မြှင့်တင်ပေးဖို့ မေးမြန်းရာမှာ ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း တစ်နိုင်ငံလုံးမှာရှိတဲ့ ဆေးရုံတွေကို အဆင့်မြှင်တင်ပေးသွားမှာဖြစ်ကြောင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုမိုဆောင်ရွက်နိုင်ဖို့အတွက် ဝန်ထမ်း အင်အားအပြည်အစုံရရှိအောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူ့ကျန်းမာရေးနဲ့ ကပ်ရောဂါဗေဒ ပညာရှင်တွေနဲ့လည်း တစ်နိုင်ငံလုံးက ဆေးရုံလိုအပ်ချက်တွေ အတွက် လေ့လာဆန်းစစ်နေကြောင်းလည်း ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
နှစ်လအတွင်း ဆရာဝန်အသစ် နှစ်ထောင် ခန့်အပ်မည်  နှစ်လအတွင်း ဆရာဝန်အသစ် နှစ်ထောင် ခန့်အပ်မည် Reviewed by THITHTOOLWIN on 20:24 Rating: 5
Powered by Blogger.