ဒီနေ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ အမေရိကန်နိုင်ငံဆိုင်ရာ မဟာဗျူဟာ ဆက်ဆံရေးနဲ့ အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး Mr. Benjamin Rhodes က နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင် ဆန်းစုကြည်ကို သမ္မတ အိုဘားမားရဲ့ ဖိတ်စာလာရောက်ပေးခဲ့တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါ်အေးအေးစိုးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတာတွေ၊ ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းရေး လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး Mr. Benjamin Rhodes နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပြန် အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံကြဖို့အတွက် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနအချင်းချင်း အချိန်ညှိပြီး ဆောင်ရွက်မှာဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် Mr. Benjamin Rhodes ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင် ဦးဝင်းထိန်နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအိုဘားမားက ဖိတ်ကြား
Reviewed by THITHTOOLWIN
on
17:22
Rating:
