ဧရာဝတီတိုင်း ငါးသိုင်းချောင်မြို့နယ်တွင် င၀န်မြစ်ရေကြီးနိုင် သဖြင့် ဒေသခံများ ကို ကုန်းမြင့်များသို့ ပြောင်းရွှေ့ နေထိုင်ရန် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သတိပေးထား


ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့နယ်တွင်းရှိ ကျေးရွာများတွင် င၀န်မြစ် ရေကြီးနိုင်သည့်အတွက် ဒေသခံများကို ကုန်းမြင့်သော နေရာများသို့ ပြောင်းရွှေ့နေထိုင်ရန် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သတိပေးထားကြောင်း သိရှိရသည်။

ငါးသိုင်းချောင်းမြို့နယ်တွင် ဇူလိုင်လမှစ၍ မိုးသည်းထန်စွာ ရွာသွန်းမူကြောင့် ငဝန်မြစ်ရေတိုးလာပြီး စိုးရိမ်ရေ မှတ်(၁၁၃၀) စင်တီမီတာထက် (၁)ပေခွဲခန့် ကျော်လွန်နေကြောင်း သိရသည်။

“ငါးသိုင်းချောင်းမြို့နယ်တွင်းရှိ ကျေးရွာတွေကို မြစ်ရေတိုးလာနိုင်တဲ့အတွက် ဒေသခံအာဏာပိုင် အဖွဲ့တွေနဲ့ ချိတ်ပြီး မြစ်ကမ်းဘေးမှနေထိုင်တဲ့ အိမ်တွေကို ကုန်းမြင့်တဲ့နေရာတွေမှာ ယာယီရွှေ့ပြောင်း နေထိုင်ဖို့ သတိပေးနိုးဆော်ထားပါတယ်” ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ သဘာဝ ဘေးအန္တရာယ် ညွန်ကြားရေးမှူး ဒေါ်စန်းစန်းမော်က ပြောသည်။

ငါးသိုင်းချောင်းမြို့နယ်တွင် အရေးပေါ် အခြေအနေအတွက် ကျေးရွာအလိုက် ကျေးရွာ ဘုန်ကြီးကျောင်း၊ စာသင်ကျောင်းများတွင် ယာယီစခန်းများ ပြင်ဆင်ထားကြောင်း သိရသည်။

“ကျွန်တော်တို့မြို့က ရေကြီးရင် ကမ်းနားမှာနေတဲ့ အိမ်တွေ အကုန်မြုပ်တယ်။ အရင်တုန်းကတော့ သတိမထားလို့ အိမ်ကပစ္စည်းတွေ ရေထဲပါကုန်တယ်။ အခုတော့ မြို့ပေါ်မှာရှိတဲ့ အဖွဲ့အစည်းတွေက မြစ်ရေကြီးမှု အခြေအနေတွေကို သတိပေးထားလို့ ကြိုတင်ပြင်ဆင်နိုင်သွားပြီ” ဟု ငါးသိုင်းချောင်းမြို့နယ်၊ ဆိပ်ကမ်းသာလမ်းတွင် နေထိုင်သူ ဦးမင်းလွင်က ပြောသည်။

အဆိုပါ င၀န်မြစ်ရေသည် နောက် ၅ ရက်အတွင်း ငါးသိုင်းချောင်းမြို့၏ စိုးရိမ်ရေမှတ်ထက် ဆက်လက် တည်ရှိနိုင်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

MMK
The Ladies News
https://www.facebook.com/News.TheLadies
ဧရာဝတီတိုင်း ငါးသိုင်းချောင်မြို့နယ်တွင် င၀န်မြစ်ရေကြီးနိုင် သဖြင့် ဒေသခံများ ကို ကုန်းမြင့်များသို့ ပြောင်းရွှေ့ နေထိုင်ရန် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သတိပေးထား  ဧရာဝတီတိုင်း ငါးသိုင်းချောင်မြို့နယ်တွင် င၀န်မြစ်ရေကြီးနိုင် သဖြင့် ဒေသခံများ ကို ကုန်းမြင့်များသို့ ပြောင်းရွှေ့ နေထိုင်ရန် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သတိပေးထား Reviewed by THITHTOOLWIN on 19:13 Rating: 5
Powered by Blogger.