![]() |
အစ္စတန်ဘူမြို့ မှာ စစ်ကားတွေ က တံတားတွေ ကို ပိတ်ဆို့ |
ရုပ်မြင်သံကြား ကနေ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဒီမိုကရေစီ ကို ထိန်းသိမ်းဖို့ အခုလိုလုပ်ဆောင်ရတာ ဖြစ်တယ် လို့ ဆိုပြီး ဥပဒေ စိုးမိုးရေး ကို ဦးစားပေး လုပ်သွားမယ်လို့ ဆိုပါတယ်။
အစ္စတန်ဘူနဲ့ အင်ကာရာ လေဆိပ် တွေ ကို တင့်ကား တွေနဲ့ ပိတ်ထားတယ် ဆိုတဲ့ သတင်းတွေ လည်း ထွက်နေပါတယ်။
အစ္စတန်ဘူ က ထွက်မယ့် လေကြောင်းခရီးစဉ် တွေလည်း ဖျက်သိမ်းထားပါတယ်။
တူရကီ ဝန်ကြီးချုပ် ဗင်နာရီ လီရင် က စစ်တပ်ထဲက အစုအဖွဲ့တခုက အစိုးရ ကိုဖြုတ်ချအောင်ကြိုးပမ်း နေကြတယ်လို့ ရုပ်မြင်သံကြားကနေ ကြေညာပါတယ်။
မြို့တော် အန်ကာရာမှာ ဂျက်တိုက်လေယာဉ်တွေ၊ ဟယ်လီကော့ပတာတွေ ပျံသန်းခဲ့ပြီးတဲ့နောက်ပိုင်း မစ္စတာ လီရင် က NTV ရုပ်သံ ကနေ ပြောကြားခဲ့တာပါ။
အစ္စတန်ဘူ မြို့ မှာလည်း စစ်ကားတွေ က တံတားတွေ ကို ပိတ်ဆို့ထားတယ်ဆိုတဲ့ သတင်းတွေ သေနတ်သံတွေ ကြားရတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။
BBC Burmese
http://www.bbc.com/burmese
တူရကီ စစ်တပ်က အာဏာသိမ်းလိုက်ပြီ ကြေညာ
Reviewed by THITHTOOLWIN
on
04:21
Rating:
