ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ခင်ပွန်းဖြစ်သူအား ရဲဒင်းဖြင့် ခုတ်သတ်သူဇနီးမှ ရဲစခန်းသို့ လာရောက်အဖမ်းခံ
ရန်ကုန်၊ ဇူလိုင် ၁၃
၁၃.၇.၂၀၁၆ ရက်နေ့ ၀၇၃၀ အချိန်ခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မ ရဲစခန်းသို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ မစုစုလှိုင်(၃၈)နှစ် ရောက်ရှိလာပြီး ၎င်းသည် ယင်းနေ့ ၀၅၃၀ အချိန်ခန့်က နေအိမ်တွင် အိပ်ပျော်နေသော ၎င်း၏ခင်ပွန်းဖြစ်သူ ကိုကျော်မျိုးလင်းကို ရဲဒင်းဖြင့် ဦးခေါင်းအားခုတ်ခဲ့၍ ခင်ပွန်းဖြစ်သူမှာ သေဆုံးနေပြီဖြစ်ကြောင်း လာရောက်ပြောကြားကာ အဖမ်းခံခဲ့ကြောင်း သိရှိရပါသည်။
၎င်းအား စစ်ဆေးချက်အရ ခင်ပွန်းဖြစ်သူမှ ၎င်းအား အကြိမ်ကြိမ်နှိပ်စက်ပြီး ဆဲဆိုရိုက်ပုတ်လေ့ရှိသဖြင့် ယင်းသို့ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းပြောပြသိရှိရပြီး သေဆုံးသူ ကိုကျော်မျိုးလင်းမှာ နှုတ်ခမ်းဝဲဘက်၊ ၀ဲချိုစောင်း၊ နဖူးနှင့် နှာခေါင်းတို့တွင် ပေါက်ပြဲ၊ ပြတ်ရှဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။
ယင်းသို့ပြစ်မှုကျူးလွန်သူ မစုစုလှိုင်အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း (ပ)၁၃၂၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice
ခင်ပွန်းဖြစ်သူအား ရဲဒင်းဖြင့် ခုတ်သတ်သူဇနီးမှ ရဲစခန်းသို့ လာရောက်အဖမ်းခံ
Reviewed by THITHTOOLWIN
on
16:08
Rating:
