![]() |
အခင်းဖြစ်ပွားသည့်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ-မျိုးသိန်း |
မလေးရှားနိုင်ငံ၊ ဘာတာဝပ်မြို့နယ်၊ နာဂါစာရီရပ်ကွက် အတွင်းရှိနေ အိမ်တစ်ခုတွင် ရေချိုးရန် ပြင်ဆင်နေသော မြန်မာအလုပ်သမားလေးဦးကို မျက်နှာဖုံးစွပ်ထားသည့် လူနှစ်ဦးက ဓါးဖြင့်ဝင်ခုတ်ရာ သုံးဦးမှာ ယင်းနေရာ၌တွင် သေဆုံးပြီး ပြင်းထန်ဒဏ်ရာရ တစ်ဦးကို ဆေးရုံတင်ထားရကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံအရာရှိ တစ်ဦးက ပြောသည်။
ဇူလိုင်လ ၁၁ရက်၊ နံနက်၆နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့သော အဆိုပါ လူသတ်မှုမှာ ဘာသာရေးဖြင့်ဆက်နွယ်မှုမရှိဘဲ သာမန်ရာဇ၀တ်မှုသာဖြစ်ကြောင်း၊မျက်နှာဖုံးစွပ်ထားသူများလုယက်မှု ကျူးလွန်စဉ် မြင်တွေ့ခဲ့သူများ ဖြစ်သောကြောင့် နှုတ်ပိတ်သတ်ပြစ်ခြင်း ဖြစ်ကြောင်း သိရသည်။
''အခုလူသတ်မှုက ဘာသာရေးကြောင့်မဟုတ်ပါဘူး၊ မြန်မာအလုပ်သမားတစ်ဦးကို လုယက်မှုကျူးလွန်စဉ်မှာ အခြားမြင်တွေ့တဲ့သူတွေက အော်ဟစ်လို့ နှုတ်ပိတ်တဲ့ သဘောနဲ့ သတ်လိုက်တယ်လို့ မလေးရှားရဲတပ်ဖွဲ့က သိရတယ်၊ရဲအရေးပိုင် ဖြစ်တဲ့အတွက်အသေးစိတ်တော့ ပြောလို့မရသေးဘူး။ သံရုံးအနေနဲ့ကတော့ နယ်မြေခံ လူမှုရေးအဖွဲ့တွေနဲ့ ညိုနှိုင်းပြီး ဥပဒေအရဆက်လက် ဆာင်ရွက်သွားမယ်''ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံအရာရှိတစ်ဦးက ပြောသည်။
ဆေးရုံတွင် အတွင်းလူနာအဖြစ် တင်ထားရသည့် ဓါးဖြင့် ခုတ်ခံရသူနောက်တစ်ဦးမှာလည်း အသက်အန္တရယ် စိုးရိမ်ရသော အခြေနေတွင်ရှိကြောင်း ယင်းက ဆက်လက် ပြောကြားသည်။
![]() |
အခင်းဖြစ်ပွားသည့်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ-မျိုးသိန်း |
လက်ရှိတွင် မလေးရှားနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ယခုရက်ပိုင်းတွင် အထူးသတိထား နေထိုင်ကြရန်နှင့် မိမိပတ်ဝန်းကျင်ကို ဂရုစိုက် နေထိုင် သွားလာကြရန် လူမှုအဖွဲ့အစည်းများမှ လူမှုကွန်ယက် များတွင် သတိပေးနှိုးဆော်မှုများ ပြုလုပ်ထားကြောင်း သိရသည်။
ဟံသာဟိန်း
CentralNewsMyanmar
https://www.facebook.com/CNMyanmar
မလေးရှားတွင် မြန်မာလုပ်သားလေးဦးကို လုယက်ပြီး ဓါးဖြင့် ခုတ်သဖြင့် သုံးဦးသေ၊ တစ်ဦးဆေးရုံတင်ရ
Reviewed by THITHTOOLWIN
on
17:40
Rating:
