ပုဂံတွင် ခရီးသွားဧည့်သည်တစ်ဦးအား ရိုက်နှက်၍ ငွေနှင့် ပစ္စည်းများ လုယက်မှုဖြစ်ပွား


ပုဂံ ဇူလိုင် ၂၇

ပုဂံတွင် ထိုင်ဝမ်သူတစ်ဦးအား အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးက တုတ်ဖြင့် ရိုက်နှက်ကာ ငွေနှင့်ပစ္စည်းများ လုယူ ထွက်ပြေးသွားသည့်ဖြစ်ရပ် ဇူလိုင် ၂၆ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ပုဂံမြို့သစ်ရှိ Bagan Centralဟိုတယ်တွင် တည်းခိုနေထိုင်သည့် Ms. Wang Jui Chuan (၃၉နှစ်) ထိုင်ဝမ်သူ သည် ယင်းနေ့က လျှပ်စစ် စက်ဘီးဖြင့် ပုဂံညောင်ဦး မြို့နယ် အတွင်း လှည့်လည်သွားလာနေခဲ့ ကြောင်း၊ မွန်းတည့် ၁၂နာရီတွင် ဓမ္မရံကြီး နှင့် ဓမ္မရာဇက ဘုရားသွားလမ်းပေါ်ရှိ ဘုရားအမှတ် (၇၆၁)အနီးတွင် ပန်းချီ ရေးဆွဲနေစဉ် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ ရောက်ရှိလာပြီး ထိုင်ဝမ်သူထံ ပိုက်ဆံတောင်း ခံခဲ့ရာ မပေး သဖြင့် ၎င်းတို့က ထိုင်ဝမ်သူ၏ ဝဲ/ယာ ခြေထောက်နှင့် ယာဘက်လက်တို့အား တုတ်ဖြင့်ရိုက် နှက်ရာ မူးမေ့လဲသွားစဉ် ထိုင်ဝမ်သူ၏ ဘေးလွယ်အိတ်အတွင်း မှ မြန်မာငွေကျပ်ကျပ်ရှစ်သောင်း၊ ထိုင်ဝမ် ငွေ ၆၇၀၊ Nikon အမျိုးအစားကင်မရာ တစ်လုံး၊ ပတ်စပို့တစ်ခု၊ လေယာဉ်လက် မှတ်တစ်စောင်၊ Asus အမျိုးအစား ဟန်းဖုန်းတစ်လုံး၊ အိမ်သော့တစ်ချောင်း တို့ကို ယူဆောင်ကာ မော်တော်ဆိုင်ကယ်နှစ်စီးဖြင့် ထွက်ပြေးသွား ကြောင်းသိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ ပြစ်မှုကျူး လွန်သူများအား အမြန်ဆုံးဖမ်းဆီး အရေးယူနိုင်ရေးအတွက် ညောင်ဦးမြို့မ ရဲစခန်း၊ ပုဂံနယ်မြေရဲစခန်းနှင့် က္ဘာ လှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရဲသူရအောင်(ညောင်ဦး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ပုဂံတွင် ခရီးသွားဧည့်သည်တစ်ဦးအား ရိုက်နှက်၍ ငွေနှင့် ပစ္စည်းများ လုယက်မှုဖြစ်ပွား ပုဂံတွင် ခရီးသွားဧည့်သည်တစ်ဦးအား ရိုက်နှက်၍ ငွေနှင့် ပစ္စည်းများ လုယက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 08:02 Rating: 5
Powered by Blogger.