ယာဉ်လမ်းစည်းကမ်း ၀န်ဆောင်မှုပေးနေတဲ့ အဖွဲ့ကို မဖွယ်မရာပြုမှုသော တက္ကသိုလ်ကျောင်းသားစုံတွဲ အရေးယူခံရ


မုံရွာ၊ ဇူလိုင် ၉

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ရွှေဇလုတ်ကျေးရွာနှင့် ရထုံကျေးရွာအကြား ကျောက္ကာလမ်းမကြီးအနီးတွင် ခရီးသွား မိဘပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ၀န်ဆောင်မှုပေးနေသောအဖွဲ့ကို ဇူလိုင် ၇ ရက်နေ့ ညနေ ၄ နာရီအချိန်က ကျောက္ကာဘက်မှ မုံရွာဘက်သို့ ဥိးတည်မောင်းနှင်လာသည့် မုံရွာတက္ကသိုလ်ကျောင်းသားစုံတွဲ ဆိုင်ကယ်တစ်စီးမှ မဖွယ်မရာပြုမှုပြောဆိုသည့်အတွက် ၎င်းအဖွဲ့က အရေးယူဆောင်ရွက်လိုက်ရကြောင်း သိရသည်။
`` ဘော်တနီက ကောင်မလေးနဲ့ သင်္ချာက ကောင်းလေးစီးလာတဲ့ ဆိုင်ကယ်ဖြစ်တယ်..။ ဆိုင်ကယ်စီး ဦးထုပ်မစောင်းတာကြောင့် ပညာပေးဟောပြောဖို့ ရပ်တန့်ခိုင်းတဲ့အခါ ..ကျောင်းသားဘဲ ကျောင်းလာတက်တာ အဲ့ဒါတွေ လုပ်စရာလားလို့ပြောပြီး တောက်...တခေါက်ခေါက်နဲ့ အဲ့ဒီကျောင်းသားကလုပ်တယ်...´´ ဟု မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချင်းစိန်က ပြောသည်။


ထို့ကြောင့် အဆိုပါ ကျောင်းသားစုံတွဲအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းဝန်ဆောင်မှုပေးနေသည့်အဖွဲ့အား တာဝန်ဝတ္တရားနှောင့်ယှက်မှုဖြင့် အရေးယူရန် မူလက စီစဉ်ထားသော်လည်း ၎င်းတို့၏ ပညာရေးအား၎င်း၊ သားသမီးချင်းကိုယ်ချင်းစာနာ၍သော်လည်းကောင်း၊ ၀န်ဆောင်မှုပေးသော စေတနာရင်းအား မထိခိုက်စေလိုခြင်းကြောင့်၎င်း စသည့် စာနာဖြေလျော့မှုများကြောင့် အဆိုပါ ကျောင်းသား၏ အုပ်ထိန်းသူများအား ခေါ်ယူကာ မိဘလက်ထံ ခံဝန်ကတိရေးထိုး၍ ကောင်းမွန်စွာ ပြန်လည်အပ်နှံပေးခဲ့ကြောင်း ၎င်းယာဉ်စစ်လမ်းစစ်အဖွဲ့ထံမှ သိရသည်။


၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေများအရ ယာဉ်အသုံးပြုသူ လမ်းအသုံးပြုသူအားလုံးသည် မော်တော်ယာဉ် ဥပဒေနှင့် အကြုံးဝင်လျက်ရှိသည်။ ကျောင်းသားဟူ၍ သီးခြားကင်းလွတ်ခွင့် ဖော်ပြပေးထားခြင်းမရှိသည့်အတွက် ယာဉ်သုံးပြုသူများအားလုံး မှ ယာဉ်စည်းကမ်းအား လေးစာလိုက်နာရန် အထူးလိုက်အပ်လျက်ရှိသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween/
ယာဉ်လမ်းစည်းကမ်း ၀န်ဆောင်မှုပေးနေတဲ့ အဖွဲ့ကို မဖွယ်မရာပြုမှုသော တက္ကသိုလ်ကျောင်းသားစုံတွဲ အရေးယူခံရ  ယာဉ်လမ်းစည်းကမ်း ၀န်ဆောင်မှုပေးနေတဲ့ အဖွဲ့ကို မဖွယ်မရာပြုမှုသော တက္ကသိုလ်ကျောင်းသားစုံတွဲ အရေးယူခံရ Reviewed by THITHTOOLWIN on 07:30 Rating: 5
Powered by Blogger.