ကျောင်းမှအပြန် ဆရာမရွှေဆွဲကြိုးဖြတ်လုခံရ


မော်လမြိုင် ဇူလိုင် ၂

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် တောင်ဖလု ကျေးရွာ စက်စဲကမ်းသာယာ အမကကျောင်းမှ မူလတန်းပြဆရာမဒေါ်သန္တာအေး(၂၆နှစ်)သည် ဇွန် ၃ဝရက် မွန်းလွဲ ၃နာရီခွဲခန့်က ကျောင်းဆင်းပြီး နေအိမ်သို့အပြန် တစ်ဦးတည်း ဆိုင်ကယ်ဖြင့် သံဖြူဇရပ်-ကျိုက္ခမီ ကားလမ်းအတိုင်းမောင်းနှင် လာစဉ် တောင်ဖလုကျေးရွာသို့အဝင် ရွာလယ် လမ်းခွဲမြေနီလမ်းရှိ ရော်ဘာခြံ နှစ်ခြံကြား အရောက်၌ နောက်မှလိုက်ပါလာသည့် ဟွန်ဒါ ဝေ့ဖ် ၁၂၅ အမျိုးအစား (နံပါတ်မပါ) ဖြူ/မည်း ဆိုင်ကယ်အား မောင်းနှင်လာသော အသက် ၂၅ နှစ်ခန့်ရှိ အမည်မသိ အမျိုးသားတစ်ဦးက ဒေါ် သန္တာအေး၏ လည်ပင်းတွင် ဝတ်ဆင်ထားသည့် နှစ်ကျပ်သားရှိ ရွှေဆွဲကြိုး ခန့်မှန်းကာလတန်ဖိုး ကျပ် ၁၅သိန်းဖိုးကို ဆွဲဖြတ်လုယူသွားပြီး သံဖြူ ဇရပ်မြို့နယ်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ရွေဆွဲကြိုးလုယူ သူ အမည်မသိ အမျိုးသားအား အရေးယူပေးပါ ရန် သံဖြူဇရပ် မြို့မရဲစခန်းသို့ တိုင်တန်းခဲ့ရာ (ပ)၁ဝ၇/၂ဝ၁၆ ပြစ်မှုပုဒ်မ ၃၈၂ အရ အမှုဖွင့် လှစ်ထားရှိပြီး တရားခံအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်နိုင်(မွန်)
The Union Daily
https://www.facebook.com/uniondaily.net
ကျောင်းမှအပြန် ဆရာမရွှေဆွဲကြိုးဖြတ်လုခံရ  ကျောင်းမှအပြန် ဆရာမရွှေဆွဲကြိုးဖြတ်လုခံရ Reviewed by THITHTOOLWIN on 18:54 Rating: 5
Powered by Blogger.