ရန်ကုန် ဇူလိုင် ၂၁
ရန်ကုန်မြို့ ယုဇနဥယျာဉ်မြို့တော် (၉၄)ရပ်ကွက် ဘီ(၉)လမ်း၌ စကားများရန်ဖြစ်ကြရာမှ လူသတ်မှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂ဝ ရက် ည ၁ဝ နာရီ ၄၅ မိနစ် ခန့်က ယုဇနဥယျာဉ်မြို့တော် (၉၄)ရပ်ကွက် ဘီ(၉) လမ်း တိုက်(၂၄)တွင် နေထိုင်သူ ဦးအောင်ဝင်းစိုး (၃၇)နှစ်နှင့် ၄င်း၏ဇနီး ဒေါ်အေးမြတ်ကြူ(၃၇)နှစ်တို့သည် တစ်တိုက်ထဲတွင်နေထိုင်သူ ဦးစိုးပိုင်(၄၅)နှစ်နှင့် ဘီ(၉)လမ်း လမ်းမပေါ်၌ စကားများရန်ဖြစ်ကြရာမှ ဦးစိုးပိုင်(၄၅)နှစ်သည် အရိုးအသွား တစ်ပေခန့်ရှိ ဓားနှင့် ထိုးသဖြင့် ဦးအောင်ဝင်းစိုး၏ ဝဲဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်နှင့် ၄င်း၏ဇနီး ဒေါ်အေးမြတ်ကြူမှာလည်း ရင်ညွန့်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ တင်ပို့ဆေးဝါးကုသမှုခံယူနေစဉ်မှာပင် ဦးအောင်ဝင်းစိုး မှာ ရရှိသောဒဏ်ရာဖြင့် ဇူလိုင် ၂၁ ရက် နံနက် ၆ နာရီ ခန့်တွင် သေဆုံးသွားခဲ့သည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့မရဲတပ်ဖွဲ့စခန်းမှ ဦးစိုးပိုင်အား ဖမ်းဆီးအမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(ကျင်မောင်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ယုဇနဥယျာဉ်မြို့တော်၌ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
10:03
Rating:
