![]() |
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဇူလိုင်လ ၁၈ ရက်နေ့က ပဲခူးတိုင်း အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံစဉ်။ Photo: Myanmar President Office |
လယ်သမားတွေ အခက်အခဲ ဖြစ်နေတဲ့အတွက် ဌာနဆိုင်ရာတွေအနေနဲ့ သိမ်းယူထားတာတွေကို ပြန်ပေး ဖို့ပြောတာလို့ ပဲခူးတိုင်းအစိုးရအဖွဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ က ပြောပါတယ်။
ပဲခူးတိုင်း ကဝမြို့နယ်နဲ့ သနပ်ပင်မြို့နယ်တွေမှာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က စစ်မှုထမ်းဟောင်းအဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေးတို့က သိမ်းယူထားတဲ့ လယ်ယာမြေ ဧက ၅၀၀ ကျော်ခန့်ရှိနိုင်တယ်လို့ ဝန်ကြီး ဦးညွန့်ရွှေ က ပြောပါတယ်။
ဒါ့အပြင် က၀မြို့နယ်နဲ့ သနပ်ပင်မြို့နယ်မှာရှိတဲ့ စားကျက်မြေတွေကို ဥပဒေနဲ့အညီ တောင်သူတွေကို လုပ်ပိုင်ခွင့်တွေ ခွဲဝေချပေးဖို့လည်း ညွှန်ကြားခဲ့ပါတယ်။
ဒုတိယသမ္မတက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ရေတိုရေရှည် စီမံဆောင် ရွက်ထားရမှာဖြစ်ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေနဲ့ ဘေးအန္တရာယ် ကျရောက်လာရင် လိုအပ်တာတွေကို ကူညီထောက်ပံ့ ဆောင်ရွက်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဟာ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ကြည့်ရှုခဲ့ပြီး အပြန်မှာ ပဲခူးတိုင်းအစိုးရအဖွဲ့နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
အသုံးမပြုတဲ့ လယ်ယာမြေတွေကို ပြန်ပေးဖို့ ဒုသမ္မတ ပြောကြား
Reviewed by THITHTOOLWIN
on
21:11
Rating:
