![]() |
ခရီးသည်တင်ယာဉ်လိုင်းများပေါ်တွင် ခါးပိုက်နှိုက်မှုကျူးလွန်သူများကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိ အရေးယူ |
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပ မြို့နယ်အတွင်း ခရီးသည်တင်ယာဉ်လိုင်းများပေါ်တွင် ခါးပိုက်နှိုက်မှုများ ဖြစ်ပွားနေကြောင်း သတင်းအရ စောင့်ကြည့်စုံစမ်း ဖမ်းဆီးခြင်းများဆောင် ရွက်ခဲ့ရာ ၂၁.၇.၂၀၁၆ ရက်နေ့ ၁၂၃၀ အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ သုဓမ္မာလမ်းမကြီး၊ မြောက်ဥက္ကလာပ အ၀ိုင်းမှတ်တိုင်တွင် ယာဉ်လိုင်းအမှတ်(၄၉) ဒိုင်နာခရီးသည်တင်ယာဉ်ပေါ်မှဆင်းလာသော ခါးပိုက်နှိုက်မှုကျူးလွန်ကြောင်း ကြိုတင်သတင်းရရှိထားသူများဖြစ်သည့် ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေ အလတ်ကောင်(ခ)မြတ်မင်းထွန်း၊ (၄၁)နှစ်၊ ရွှေပြည်သာမြို့နယ်နေသူများဖြစ်သည့် ဆင်ပေါက်(ခ)သိန်းဝင်း၊ (၆၂)နှစ်နှင့် ငချွန်(ခ)ထွန်းထွန်းစိုး၊ (၄၅)နှစ်၊ လှိုင်သာယာမြို့နယ်နေသူများဖြစ်သည့်ေ တာပေါက်(ခ)ပြည့်စုံ၊ (၂၃)နှစ်နှင့် ရှမ်းမ(ခ)သိန်းထွန်းနိုင်၊ (၃၅)နှစ်တို့ (၅)ဦးအား ထိန်းသိမ်းစစ်ဆေးခဲ့ပါသည်။
၎င်းတို့(၅)ဦးအနက် အလတ်ကောင်(ခ)မြတ်မင်းထွန်း ကိုင်ဆောင်ထားသော SAMSUNG အမျိုးအစား လက်ကိုင်ဖုန်း၊ ၎င်းထံမှတွေ့ရှိသော ငွေကျပ်(၃၅၅၀၀)တို့နှင့် ပတ်သက်၍စစ်ဆေးရာ ယင်းနေ့ ၁၀၀၀ အချိန်ခန့်က ယာဉ်လိုင်းအမှတ်(၁၂၁)ခရီးသည်တင်ယာဉ်ပေါ်ပါ အသက်(၄၀)နှစ်ခန့် အမျိုးသားတစ်ဦးလွယ်ထားသော ကျောပိုးအိတ်အား ကျန်လူများမှ လူကာပေးပြီး ၎င်းမှ ဇစ်ဖွင့်နှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် တောပေါက် (ခ)ပြည့်စုံလွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ HUAWEI အမျိုးအစား လက်ကိုင်ဖုန်း၊ ငွေကျပ်(၂၀၅၀၀)တို့နှင့်ပတ်သက်၍စစ်ဆေးရာ ယင်းနေ့ ၁၁၅၀ အချိန်ခန့်က ယာဉ်လိုင်းအမှတ်(၄၉)ဒိုင်နာခရီးသည်တင်ယာဉ်ပေါ်ပါ အသက်(၂၀)နှစ်ခန့်ရှိ အမျိုးသား(၁)ဦး၏ ကျောပိုးအိတ်အတွင်းမှ အလတ်ကောင်(ခ)မြတ်မင်းထွန်းမှ ဇစ်ဖွင့်နှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပါသည်။
ပေါ်ပေါက်ချက်များအရ အလတ်ကောင်(ခ)မြတ်မင်းထွန်း၊ ဆင်ပေါက်(ခ) သိန်းဝင်း၊ တောပေါက်(ခ)ပြည့်စုံ၊ ငချွန်(ခ)ထွန်းထွန်းစိုးနှင့် ရှမ်းမ(ခ) သိန်းထွန်းနိုင်တို့(၅)ဦးအား မြောက်ဥက္ကလာပမြို့မရဲစခန်း တွင် အမှုများအသီးသီးရေဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice
လိုင်းကားတွေပေါ်မှ ခါးပိုက်နှိုက်ဂိုဏ်း ဖမ်းမိ
Reviewed by THITHTOOLWIN
on
16:56
Rating:
