ဆေးစွဲနေကြတဲ့ သံဃာတွေကို ဖမ်းဆီး


Posted on 13July2016

ထိုင်းနိုင်ငံ ခွန်ကင် မြို့ နယ် က သံဃာတွေ ဘုန်းကြီးကျောင်းမှာ ရာဘ မူးယစ်ဆေးတွေ သုံးနေတာကို ရွာသားတွေ သည်းမခံတော့တာကြောင့် နယ်မြေ ခံစစ်တပ် အာဏာပိုင်တွေကို တိုင်းတန်းခဲ့ရပါတယ်။


နယ်မြေလုံခြုံရေးယူထားတဲ့ ဗိုလ်မှူးကြီးကိုယ်တိုင် ဘုန်းကြီးကျောင်းကို စစ်တပ်နဲ့  ၀ိုင်းပြီး ဖမ်းခဲ့ပါတယ်၊ အဆိုပါကျောင်းတိုက်အတွင်း ဆေးစွဲနေကြတဲ့ သံဃာ (၅)ပါးကို သက်သေခံ ရာဘ ဆေးပြားတွေနဲ့ ဖမ်းမိခဲ့တဲ့  နောက် လူဝတ်လဲခဲ့ပြီး ရဲစခန်းကို ဥပဒေကြောင်းအတိုင်းအရေး.ယူဖို့  ခေါ်ဆောင်သွားခဲ့ပါတယ်။


ထိုင်းစစ်တပ်ဟာ ထိုင်းနိုင်ငံအတွင်းမှာ မာဖီးယားဂိုဏ်း နဲ့ အနိုင်ကျင့်နေသူတွေ -စီးပွားရေးလုပ်နေတဲ့သံဃာတွေမူးယစ်ဆေးဆွဲနေတဲ့ ရဟန်းအတုတွေ ကို သာသနာသန့် ရှင်းအောင် လက်တွေ့  ရှင်းလင်းအရေးယူပေးခဲ့ တာဖြစ်ပါ တယ်။

Social Action for Women - SAW
ဆေးစွဲနေကြတဲ့ သံဃာတွေကို ဖမ်းဆီး   ဆေးစွဲနေကြတဲ့ သံဃာတွေကို ဖမ်းဆီး Reviewed by THITHTOOLWIN on 22:31 Rating: 5
Powered by Blogger.