![]() |
ဈေးကွက်အတွင်းရောင်းချသည့် တွင်းပိုး များကို တွေ့ရစဉ်။ ဓာတ်ပုံ-ဟိန်းလင်းသန့် |
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ တွင်း တောင်အင်းမှ ထွက်ရှိသော မြန်မာ့ရိုးရာလက်ဖက်ဖြင့် တွဲဖက်စားသုံးသည့် တွင်းပိုးကောင်လေးများနှင့် စိမ်းပြာ ရေညှို မထွက်ရှိတော့ကြောင်း ဒေသခံတွင်းပိုးဖမ်း လုပ်သားများက ပြောသည်။
"အထွက်လျော့နေတာကြာပြီ။ စိမ်းပြာရေညှိကို ဆေးဝါး ထုတ်ဖို့ ကုမ္ပဏီကိုလွှဲအပ်ပြီးနောက်ပိုင်း အထွက်နှုန်း တဖြည်းဖြည်းကျလာတယ်။ ဒီနှစ်ဆို လုံးဝကို တွင်းပိုး မရှိတော့တာ။ ဘုတလင်မြို့ပေါ်မှာရောင်းနေတာက ကနီမြို့နယ်တွင်းမကထွက်တဲ့ တွင်းပိုးတွေပါ။ ကနီမှာ လည်း စိမ်းပြာရေညှိထွက်တဲ့ အင်းရှိတယ်။ အဲဒီကနေ ယူရောင်းနေကြတာ"ဟု တွင်းတောင်အင်းသို့သွားရာ လမ်းရှိ တွင်းတောင်ရွာမှ တွင်းပိုးဖမ်းလုပ်သားတစ်ဦးက ပြောသည်။
အဆိုပါတွင်းတောင်တွင် ပတ်ဝန်းကျင်ရှိမြစ် ရေတင် ရေမြောင်းမှတဆင့် ရေချိုစိမ့်ဝင်မှုကြောင့် အင်းအတွင်း စိမ်းပြာရေညှိ များရှင်သန်မှုမရှိတော့ပဲ မျိုးပွားနှုန်းမြန် သည့် တီလားဗီးယားငါးများရှင်သန်ပေါက်ဖွားနေ ကြောင်း သိရသည်။
"တွင်းတောင်က ရေညှိက နိုင်ငံတော်က စက်ရုံတည်ပြီး မထုတ်လုပ်ခင်ကတည်းက ဒေသခံတွေက တွင်းပိုးကို ဒုတိယစီးပွားရေးလုပ်ငန်းအဖြစ် ဖမ်းရောင်းနေကြတာ။ ကွမ်းရွက်စိုက်တာကတော့ ဒီနယ်ကအဓိကလုပ်ငန်း ပေါ့။ ရွာမှာတွင်းပိုးဖမ်းသူ ၂၀၀ကျော်လောက်ရှိတယ်။ တစ်ရွာလုံးဆိုပါတော့။ ဒီမှာစက်ရုံကြီးတည်လိုက်တော့ တွင်းထဲက ဒေသခံတွေကို တွင်းပေါ်တင်ပြီး ရွာတည် ပေးလိုက်တာ။ ဒါပေမယ့် တွင်းပိုးကိုတော့ဆင်းပြီးဖမ်း ခွင့် ပေးထားတယ်။ အခုဟာကရေညှိရော တွင်းပိုးပါ လုံးဝမထွက်တော့တာ။ အခုတွင်းပိုး တစ်ပြည်ကို (၁၂၀၀၀) ကျပ်ဈေးထိ ထောင်တက်နေတယ်။ တစ်ချို့ ပွဲစားတွေကလည်း လှောင်ထားပြီးဈေးတက်မှ ထုတ် ရောင်းကြတာပေါ့"ဟု ဘုတလင်မြို့နယ်မှတွင်းပိုးရောင်း ချသူတစ်ဦးက ပြောသည်။
အဆိုပါ တွင်းတောင်အင်းတွင် ကမ္ဘာ့ရှားပါးသဘာဝ သံယံဇာတဖြစ်သော စိမ်းပြာရေညှိစပီရူလိုင်းနား ထွက်ရှိမှုကို ၁၉၈၄ ခုနှစ်က တွေ့ရှိခဲ့ပြီး ၁၉၈၈ တွင် နိုင်ငံတော်မှ စီးပွားဖြစ်စက်ရုံတည် ဆောက်ပြီး ပရိုဗီမင်အားဆေး ထုတ်လုပ်ခဲ့ကာ ယင်း ကန်အတွင်း၌ သက်ရှိဟူ၍ တွင်းပိုးတစ်မျိုးတည်းသာနေထိုင်နိုင်ပြီး ဖောင်းရစ်များဖြင့် အလျားတစ်လက်မ ခန့်ရှိသည့် အရသာရှိသော စားစရာ အင်းဆက်ပိုးမွှား တစ်မျိုးဖြစ်ကြောင်း သိရသည်။
ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar
တွင်းတောင်တွင် တွင်းပိုးနှင့် စိမ်းပြာရေညှို မထွက်တော့
Reviewed by THITHTOOLWIN
on
22:01
Rating:
