ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ကို အခွန်ရှောင်တိမ်း မှုတွေနဲ့ ထောင်ဒဏ် ၂၁ လ ကျခံ စေဖို့ စပိန်တရားရုံး တစ်ခု က အမိန်ချမှတ် လိုက်ပါတယ်။
၂၀၀၇ ခုနှစ်ကနေ ၂၀၀၉ ခုနှစ် အတွင်း က စပိန် နိုင်ငံမှာ အခွန်ရှောင်တိမ်း မှုတွေနဲ့ သူ့ရဲ့ ဖခင် ဖြစ်သူ ဂျော့ မက်ဆီ ကိုလည်း တရားရုံးက ထောင်ဒဏ် ချမှတ် ခဲ့ပါတယ်။
အခွန်ရှောင်တိမ်းမှုတွေ အတွက် ယူရို သန်းနဲ့ ချီပြီး ဒဏ်ငွေ ပေးဆောင် စေဖို့ကိုလည်း သူတို့ အမိန့်ချမှတ် ခံရပါတယ်။
စပိန် တရားဥပဒေ အရ ထောင်ဒဏ် ၂ နှစ် အောက် ကျခံ ရသူတွေဟာ ခံဝန်ချုပ် နဲ့ နေလို့ ရတာကြောင့် လောလောဆယ်မှာတော့ ထောင်ဒဏ် ကျခံရဖို့ မရှိသေး ဘူးလို့ သိရပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese/
မက်ဆီ ကို အခွန်ရှောင်တိမ်း မှုနဲ့ ထောင်ဒဏ် ၂၁ လ ကျခံ စေဖို့ အမိန်ချ
Reviewed by THITHTOOLWIN
on
18:18
Rating:
