22July2016
ထိုင်းနိုင်ငံ ချွန်ဘူရီ ပြည်နယ် ဘန့် လမုံ မြို့ နယ်မှာ လူတစ်ဦး ဆီကနေ အမျိုးသမီးတစ်ဦးနဲ့ အမျိုး သားနှစ်ဦးက ငွေနဲ့  I phone ဖုန်းကို အကြပ် ကိုင်တောင်းယူသွားခဲ့လို့  ရဲတွေက တရားခံတွေကို လိုက်လံ ဖမ်းဆီး နိုင်ခဲ့ပါတယ်။
မနာအိုဝမ် (သံပရာ ချို )ဆိုတဲ့ နံမည်နဲ့  အသက် ၂၃ နှစ်ရှိထိုင်းနိုင်ငံသူ အမျိုးသမီးကို သူမ ခင်ပွန်းဖြစ်သူနဲ့ အတူ လုယူ သွားတဲ့သက်သေခံ ပစ္စည်းတွေပါ ဖမ်းဆီးခဲ့တာပါ၊
သံပရာ ချို ဟာ ဖေ့ဘုတ်မှာ ယောက်ကျားတွေကို လိုက်မိတ်ဆက်ပြီး ရီးစားထားပါတယ်။
နောက်ပိုင်း ချိန်းတွေ့ ကြမယ်ဆိုပြီး စီစဉ်ထားတဲ့ နေရာကို မိန်းခလေးက ရအောင်ခေါ်သွားမယ်၊ အခန်း (သို့ )ဟော်တယ် မှာ သံပရာချို နဲ့  အတူ ရီးစားဖြစ်တဲ့သူက အကြည်ဆိုက် နေကြတုံး တန်းလန်းမှာ ယောက်ကျားနဲ့  အမျိုးသားတဦးက တခါးခေါက် ၀င်လာပြီး မိန်းမဖြစ်သူ ဖေါက်ပြန်တာကို နောက်က လိုက်ဖမ်းတဲ့ ပုံစံမျိုး လုပ်ဇတ်ခင်း ပြသနာရှာကြပါတယ်။
နောက်ဆုံး ရဲတိုင်မယ် ဘာညာနဲ့ အကြပ်ကိုင်လာတော့ ပါတာပေးလိုက်ပြီး ကြေအေးကြတဲ့ သူတွေရှိသလို တချို့ ယောက်ကျားတွေဆို ပစ္စည်းတွေ အတင်းအလုခံရပါတယ် ၊ ဒီလိုပုံစံနဲ့  လုပ်စားနေတာ ခံရတဲ့သူပေါင်းမနည်းတော့ပါဘူး ။
အားလုံးက ပြသနာကြီးမှာကြောက်ပြီး ရဲကိုမတိုင်ရဲကြပေမယ့်နောက်ဆုံး ထိုင်းအမျိုး သား ထိတ်ပြောင် နဲ့ တွေ့ မှာ နောက်လူတွေ သူ့ လို မခံရအောင် ရဲတိုင်ခဲ့တာပါ ၊ ဖေ့ဘုတ်အကောင့်ပိုင်ရှင် သံပရာချို နဲ့ ပူပေါင်း လုပ်နေကြတဲ့ တခြားနောက် လင်မယား နှစ်ဦး ကတော့ ထွက်ပြေးသွားကြလို့  ဖမ်းဝရမ်းထုတ်ထား ပါ တယ်။
Social Action for Women - SAW
အွန်လိုင်းမှာ သိတဲ့ အမျိုးသားတွေကို အပြင်မှာ ချိန်းတွေ့ ပြီး လုရက်နေတဲ့ သံပရာချို ဂိုဏ်း
Reviewed by THITHTOOLWIN
on
16:00
Rating:
