ညအချိန် ပုန်းလျိုးအိမ်ကျော်နင်းသည့်သူခိုး တိုက်အပေါ်ရှိ စလစ်ကျောက်ထုတ်အစွန်း ပဲ့ကျရာမှ ပြုတ်ကျပြီး ဒဏ်ရာရ
မုံရွာ၊ ဇူလိုင် ၁၂ ရက်ည ၁၀ နာရီ ၃၅ မိနစ်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးဘေးရှိ ကားအပိုပစ္စည်းရေး လုပ်ငန်းလုပ်ကိုင်လျက်ရှိသော နေအိမ်တိုက်တစ်လုံးတွင် ဇူလိုင် ၁၂ ရက်နေ့ည ၁၀ နာရီ ၃၅ မိနစ်အချိန်ခန့်က ညအချိန် ပုန်းလျိုးအိမ်ကျော်နင်းလာသည့် သူခိုးတစ်ဦးမှာ ၎င်း နေအိမ်တိုက်၏ အပေါ်ထပ် ကော်ရစ်တာရှိ စလစ်ကျောက်ထုတ်အစွန်းနေရာ အရောက်တွင် စလစ်ကျောက်ထုတ်မှ ပဲ့ကျပြီး ယင်းသူခိုးဟု ယူဆရသူမှာ တိုက်၏အောက်ထပ်သို့ပြုတ်ခဲ့သည်။
ထို့ကြောင့် ၎င်းမှာ ဦးခေါင်းနေရာ၌ ပေါက်ပြဲဒဏ်များရရှိခဲ့ပြီး လူမှုကူညီရေးအသင်း တစ်သင်းမှ မုံရွာပြည်သူ့ဆေးရုံကြီးရှိ အရေးပေါ်လူနာဌာနသို့ အချိန်မီပို့ဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။
`` ကျွန်မတို့က အိမ်အပေါ်ထပ်မှာ တီဗီကြည့်နေတာ ကော်ရစ်တာမှာ လူရိပ်မြင်လိုက်ရတော့ ရုတ်တရက် ကြောက်ပြီး အပေါက်ထပိတ်လိုက်တယ်..´´ ဟု ၎င်းနေအိမ်တိုက်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့နောက် အဆိုပါ မသင်္ကာဖွယ်ရာလူသည် ထွက်ပြေးရန် ပြုလုပ်နေချိန်တွင် ကျောက်ထုတ်စလစ် အစွန်းပဲ့ကျပြီး အောက်သို့ပြုတ်ကျခဲ့သွားသည်။
၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ နေအိမ်တိုက်ပိုင်ရှင်၏ လုံခြုံရေး သတိများအရ တပ်ဆင်ထားသော စီစီတီဗီကင်မရာတွင် အဆိုပါ သူခိုးဟု မသင်္ကာရသူ၏ လှုပ်ရှားမှုပုံရိပ်များကို မှတ်တမ်းတင်ရိုက်ကူးထားခဲ့သည်။
အဆိုပါ အခင်းဖြစ်ပွားသည့်နေရာသို့ မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့် ဦးစီးသော လှည့်ကင်းအဖွဲ့မှ ချက်ချင်းရောက်ရှိလာပြီး ၎င်းနေအိမ်ပိုင်ရှင်ထံ လိုအပ်သော ၀န်ဆောင်မှုများ ဆောင်ရွက်ပေးလျက်၇ှိကြောင်း သိရှိရသည်။
သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween/
ညအချိန် ပုန်းလျိုးအိမ်ကျော်နင်းသည့်သူခိုး တိုက်အပေါ်ရှိ စလစ်ကျောက်ထုတ်အစွန်း ပဲ့ကျရာမှ ပြုတ်ကျပြီး ဒဏ်ရာရ
Reviewed by THITHTOOLWIN
on
23:46
Rating:
